အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ကော်မရှင် အဖွဲ့ဝင် ဦးစိုးတင့်သည် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၊ ယူနန်ပြည်နယ် လုပ်ငန်းစစ်ဆေးရေးကော်မရှင်မှ အဖွဲ့ဝင် Mr Shang Junping ဦးဆောင် သော အဖွဲ့အား လက်ခံတွေ့ဆုံ

Published In: လက်ခံတွေ့ဆုံမှု Created Date: 2019-11-27 Hits: 86

ရန်ကုန် နိုဝင်ဘာ ၂၇

-----------------------------

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ကော်မရှင် အဖွဲ့ဝင် ဦးစိုးတင့်သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ် လုပ်ငန်းစစ်ဆေးရေးကော်မရှင် (Yunnan Provincial Commission of Supervision) မှ အဖွဲ့ဝင် Mr Shang Junping ဦးဆောင်သောအဖွဲ့အား  ၂၇-၁၁-၂၀၁၉ ရက်နေ့ နေ့လည် ၁၄:၃၀ အချိန်တွင် ရန်ကုန်မြို့ရှိ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးခွဲ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ ခဲ့သည်။

တွေ့ဆုံစဉ် အဂတိလိုက်စားမှု တားဆီးကာကွယ်တိုက်ဖျက်ရေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့၏ ဆောင်ရွက်ချက်များ၊ ပြစ်မှု၊ ပြစ်ဒဏ်အမျိုးအစားများ၊ အရေးယူ ဆောင်ရွက်နိုင်မှုအခြေအနေ၊ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့(CPU) ဖွဲ့စည်းထားရှိမှု၊ CPU အဖွဲ့များ၏ လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေနှင့် အဂတိလိုက်စားမှု နှင့်စပ်လျဉ်း၍  နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နိုင်မည့်နည်းလမ်းများကို ဆွေးနွေးခဲ့ပါသည်။

တွေ့ဆုံပွဲသို့ ကော်မရှင်အဖွဲ့ဝင် ဦးစိုးတင့်နှင့်အတူ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ရန်ကုန်ရုံးခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဦးမိုးနိုင်နှင့် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စုစုတို့ တက်ရောက်ခဲ့ကြပါသည်။

Same In Category

Related Blogs By Tags