ACC Law (mm) ACC Law (eng)
ACC Rules (mm) ACC Rules (eng)
UNCAC Law (mm) UNCAC Law (eng)
၁။ ၂၇-၁၁-၂၀၁၉ ရက်နေ့ နံနက်ပိုင်းတွင် ကော်မရှင်အဖွဲ့ဝင် ဦးဇော်ဝင်းက ကုလသမဂ္ဂအဂတိလိုက်စားမှု တိုက်ဖျက်ရေးစာချုပ်၊ (United Nations Convention Against Corruption-UNCAC) နှင့် ပတ်သက်၍ သိသင့်သိထိုက်သောအချက်များအား လည်းကောင်း၊ USAID, PRlM မှ ကျွမ်းကျင်သူ Mr. Robert La Mont က A Rule of Law Perspective on Anti-Corruption ခေါင်းစဉ်ဖြင့် လည်းကောင်း၊ Transparency International-TI မှ ကျွမ်းကျင်သူ Mr. David Omdracke က TI ၏ လုပ်ငန်းဆောင်ရွက်ချက်များ နှင့် Corruption Perception Index-CPI အညွှန်းကိန်းများအကြောင်းအပါအဝင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် စပ်လျဉ်း၍ သိသင့်သိထိုက်သောအချက်များကို လည်းကောင်း ဆွေးနွေးပို့ချ ပါသည်။
၂။ နေ့လယ်ပိုင်းတွင် UNODC မှ ကျွမ်းကျင်သူ Ms. Alma Sedlar က Code of Conduct for Students, Development of Youth Ethical Pledge ခေါင်းစဉ်များဖြင့် လူငယ်များ ဘဝတစ်သက်တာ လိုက်နာမည့် ကျင့်ဝတ်ကို လူငယ်တို့ကိုယ်တိုင် ရေးဆွဲခြင်းနှင့် ပတ်သက်၍ ဆွေးနွေးပို့ချပြီး လူငယ်များက ဘဝတစ်သက်တာလိုက်နာမည့် ကျင့်ဝတ်များကို ကိုယ်တိုင်ရေးဆွဲကြပါသည်။
၃။ ဆက်လက်၍ Youth Anti-Corruption Activities သင်ခန်းစာကို UNODC မှ ကျွမ်းကျင်သူများ က ပူးပေါင်းပို့ချကြပြီး ဆွေးနွေးပို့ချချက်များအပေါ် စခန်းဝင်လူငယ်မောင်မယ်များ၏ မေးမြန်းချက်များကို ပို့ချသူများက ပြန်လည်ဖြေကြားခဲ့ပြီး ညနေ(၄:၃၀)နာရီတွင် စတုတ္တနေ့ ဆွေးနွေးပို့ချမှုများ ပြီးမြောက်ခဲ့ပါသည်။
၄။ ထို့နောက် မန္တလေးနည်းပညာတက္ကသိုလ်၊ ဘက်စုံခန်းမတွင် ညနေပိုင်း (၆:၃၀)နာရီမှ ည(၈) နာရီအထိ Youth Anti-Corruption Activities များ ဆောင်ရွက်ကြပြီး သင်ခန်းစာအပေါ် အမြင်ချင်း ဖလှှယ်ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြပါသည်။