ဖြောင့်မတ်တည်ကြည်မှု လူငယ်စခန်း ၂/၂၀၁၉ မန္တလေး၊ ၂၆-၁၁-၂၀၁၉ ရက်နေ့၊ သင်ခန်းစာဆွေးနွေးပို့ချမှုများ

Published In: နောက်ဆုံးရသတင်း Created Date: 2019-11-27 Hits: 49

မန္တလေး နိုဝင်ဘာ ၂၇

-------------------

၂၆-၁၁-၂၀၁၉ ရက်နေ့ နံနက်ပိုင်းတွင် ပါမောက္ခဒေါက်တာအောင်ထွန်းသက်က Promoting Youth Integrity ခေါင်းစဉ်ဖြင့် Youth; Key Investment for Accountability, Youth and Democratic Governance, Youth and Accountability, Culture of Integrity, Capacity Development, Strengthening Youth Integrity စသည်တို့ကို ဆွေးနွေးပို့ချခဲ့ပြီး၊ USAID, PRLM မှ ကျွမ်းကျင်သူ Ms. Heather Goldsmith က အဂတိလိုက်စားမှုနှင့် တရားမျှတမှုရရှိရေး အခွင့်အလမ်း စစ်တမ်းရလဒ်များကိုလည်းကောင်း ဆွေးနွေးပို့ချပါသည်။

 

ဆက်လက်၍ နေ့လယ်ပိုင်းတွင် UNODC မှ Prevention of Corruption & UNCAC Expert Ms. Alma Sedlar က Integrity & Ethics ခေါင်းစဉ်ဖြင့်လည်းကောင်း၊ UNODC မှ Anti-Corruption Programme Manager Mrs. Marie Pegie Cauchois က Good Practices for Youth Campaigning to Counter Corruption and Integrity ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးပို့ချပါသည်။

ထို့နောက် Indonesia Corruption Watch-ICW မှ ကျွမ်းကျင်သူ Mr. Adnan Topan Husodo က Citizen Participation in Corruption Eradication ခေါင်းစဉ်ဖြင့် ဆွေးနွေးပို့ချပြီး၊ American Bar Association- ABA Rule of Law Initiative မှ ကျွမ်းကျင်သူ Mr. Peter Ritchie နှင့် ကျွမ်းကျင်သူ Ms. Nichanee Wongba တို့က Sri Lanka နိုင်ငံတွင် ကျင်းပခဲ့သည့် Youth Camp ဆောင်ရွက်မှု ဗဟုသုတ အချက်အလက်များကို ဆွေးနွေးပို့ချပါသည်။

 

အထက်ပါ ဆွေးနွေးပို့ချချက်များအပေါ် စခန်းဝင် လူငယ်မောင်မယ်များ၏ မေးမြန်းချက်များကို ပို့ချသူများက ပြန်လည်ဖြေကြားခဲ့ပြီး ညနေ(၄:၃၀)နာရီတွင် တတိယနေ့ ဆွေးနွေးပို့ချမှုများ ပြီးမြောက်ခဲ့ပါသည်။

 

ထို့နောက် မန္တလေးနည်းပညာတက္ကသိုလ်၊ ဘက်စုံခန်းမတွင် ညနေပိုင်း (၆:၃၀)နာရီမှ ည(၈:၀၀)နာရီအထိ Youth Anti-Corruption Activities များကို လှုပ်ရှားဆောင်ရွက်ကြပြီး သင်ခန်းစာအပေါ် အမြင်ချင်းဖလှှယ်ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြပါသည်။

Same In Category

Related Blogs By Tags