မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် အပြည်ပြည်ဆိုင်ရာ ပွင့်လင်းမြင်သာမှု (ချက်သမ္မတနိုင်ငံ) မစ်ရှင်အဖွဲ့ တို့ပူးပေါင်း၍ အဂတိလိုက်စားမှုအပေါ် ထင်မြင်ယူဆချက်ညွှန်းကိန်း (CPI) ဆွေးနွေးပွဲကျင်းပ

Published In: နောက်ဆုံးရသတင်း Created Date: 2019-11-26 Hits: 139

နေပြည်တော် နိုဝင်ဘာလ ၂၆

---------------------------

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ကော်မရှင်ဥက္ကဋ္ဌသည် အပြည်ပြည်ဆိုင်ရာ ပွင့်လင်းမြင်သာမှု (ချက်သမ္မတနိုင်ငံ) မစ်ရှင်အဖွဲ့ (Transparency International – Czech Republic) ၏ ညွှန်ကြားရေးမှူးဖြစ်သူ Mr. David Ondracka နှင့်အဖွဲ့အား ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့ နေ့လည် (၁၃၀၀) နာရီအချိန်တွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

တွေ့ဆုံစဉ် နိုင်ငံတကာတွင် ကျင့်သုံးဆောင်ရွက်လျက်ရှိသည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဆိုင်ရာ ကောင်းမွန်သော အလေ့အထများနှင့် အတွေ့အကြုံများ၊ အဂတိလိုက်စားမှုကျူးလွန်ရာမှ ရရှိသည့် ပိုင်ဆိုင်ပစ္စည်းများကို ပြန်လည်ရယူနိုင်ရေး ဆိုင်ရာ ကိစ္စရပ်များ၊ ကော်မရှင်အနေဖြင့် ဆောင်ရွက်လျက်ရှိသည့် ဉပဒေ အခြေခံအဆောက်အဉီ ခိုင်မာရေး၊ အသိပညာပေးရေး၊ တားဆီး ကာကွယ်ရေး၊ စုံစမ်းစစ်ဆေးရေးဆိုင်ရာအခြေအနေများ၊ စိန်ခေါ်မှုများနှင့် နှစ်ဖက်အဖွဲ့အစည်း အကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ အကူအညီပေးရေးဆိုင်ရာ ကိစ္စရပ်များ နှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ပါသည်။

ဆက်လက်၍ Corruption Perception Index-CPI တွက်ချက်သတ်မှတ်မှုနှင့် စပ်လျဉ်းသည့် ဆွေးနွေးပွဲအား (၁၅:၀၀) နာရီအချိန်တွင် ကျင်းပခဲ့ရာ TI မှ ကျွမ်းကျင်ပညာရှင် Mr. Ondrej Cakl က CPI တွက်ချက် သတ်မှတ်သည့် အခြေခံအချက်များအပေါ် ရှင်းလင်းခဲ့ပြီး တက်ရောက်လာကြသူ များကလည်း အပြန်အလှန် မေးမြန်း ဆွေးနွေးခဲ့ကြပါသည်။

ဆွေးနွေးပွဲသို့ ကော်မရှင်ဥက္ကဋ္ဌနှင့်အတူ အတွင်းရေးမှူး၊ အဖွဲ့ဝင်များနှင့် ကော်မရှင်ရုံးဝန်ထမ်းများ၊ ဆက်စပ်သော ပြည်ထောင်စုဝန်ကြီးဌာနများမှ အဆင့်မြင့်အရာရှိများ စုစုပေါင်း (၃၀) ဉီးခန့် တက်ရောက်ခဲ့ကြပါသည်။

Same In Category

Related Blogs By Tags