ဖြောင့်မတ်တည်ကြည်မှု လူငယ်စခန်း ၂/၂၀၁၉ မန္တလေး၊ ၂၅-၁၁-၂၀၁၉ ရက်နေ့ သင်ခန်းစာ ဆွေးနွေးပို့ချမှုများ

Published In: ပညာပေးဆွေးနွေးမှု Created Date: 2019-11-25 Hits: 80

မန္တလေး နိုဝင်ဘာ ၂၆
----------------------------


ဖြောင့်မတ်တည်ကြည်မှု လူငယ်စခန်း၌ ၂၅-၁၁-၂၀၁၉ ရက်နေ့တွင် သင်ခန်းစာပို့ချမှုများ ဆက်လက်ဆောင်ရွက်ခဲ့ရာ ကျွမ်းကျင်သူ Mr.Mads Andersen က ဒိန်းမတ်နိုင်ငံ၏ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဆောင်ရွက်မှုများအား လည်းကောင်း၊ Myanmar Centre for Responsible Business (MCRB) မှ Ms. Vicky Bowman က လက်ဆောင်ပေးခြင်း၊ ပွင့်လင်းမြင်သာမှု ရှိခြင်းနှင့် ကုမ္ပဏီများအား စစ်တမ်းကောက်ယူခြင်း အကြောင်းတို့ကိုလည်းကောင်း၊ အဖွဲ့ဝင် ဒေါ်အေးအေးမူက Promoting Integrity for Youth ခေါင်းစဉ်ဖြင့် လည်းကောင်း၊ UNODC မှ Ms Alma Sedlar က Introduction to Ethics and Integrity Part 1 ကို လည်းကောင်း၊ အင်ဒိုနီးရှား နိုင်ငံမှ Mr. Adnan Topan Husodo က Introduction to Ethics and Integrity Part 2 တွင် Causes of Corruption နှင့် Integrity and Anti-Corruption အကြောင်းကိုလည်းကောင်း၊ UNODC မှ Ms Alma Sedlar က Ethics နှင့် Value ၏ ကွာခြားချက်များကို လည်းကောင်း ဆွေးနွေးပို့ချခဲ့ပါသည်။ ဆွေးနွေး ပို့ချချက်များအပေါ် စခန်းဝင် လူငယ်မောင်မယ်များ၏ မေးမြန်းချက်များကို ပို့ချသူများမှ ပြန်လည် ဖြေကြားခဲ့ပြီး ညနေ(၄:၃၀) နာရီတွင် ဒုတိယရက် ဆွေးနွေးပို့ချမှုများ ပြီးမြောက်ခဲ့ပါသည်။

ထို့နောက် မန္တလေးနည်းပညာတက္ကသိုလ်၊ ဘက်စုံခန်းမတွင် ညနေပိုင်း (၆:၃၀)နာရီမှ ည(၈:၀၀)နာရီအထိ UNODC မှ ဦးဆောင်၍ Training of Trainers သင်တန်းသား (၄)ဦးမှ ကုမ္ပဏီ ပိုင်ရှင်၊ ဝန်ထမ်းအဖြစ် သရုပ်ဆောင်သည့် Role Play ကို သရုပ်ဖော်ပြသပြီး စခန်းဝင်လူငယ် မောင်မယ်များမှ ဇာတ်လမ်းအပေါ် ထင်မြင်ယူဆချက်များကို အပြန်အလှန် ဆွေးနွေးခြင်းတို့ ပြုလုပ်ကြပါသည်။

Same In Category

Related Blogs By Tags