ဖြောင့်မတ်တည်ကြည်မှု လူငယ်စခန်း 2/2019 မန္တလေး၊ 24-11-2019 ရက်နေ့ သင်ခန်းစာ ဆွေးနွေးပို့ချမှုများ

Published In: ပညာပေးဆွေးနွေးမှု Created Date: 2019-11-25 Hits: 95

မန္တလေး နိုဝင်ဘာ ၂၅

--------------------------

ဖြောင့်မတ်တည်ကြည်မှု လူငယ်စခန်း ဖွင့်ပွဲအခမ်းအနားကို နံနက်ပိုင်းတွင် ကျင်းပခဲ့ပြီး သင်ခန်းစာပို့ချမှုများကို ဆက်လက်ဆောင်ရွက်ခဲ့ရာ အမေရိကန်နိုင်ငံ သံရုံးမှ Ms. Deborah Lynn က အမေရိကန်နိုင်ငံ၏ အဂတိလိုက်စားမှုများအပေါ် ဆန့်ကျင်တိုက်ဖျက်မှုများကိုလည်းကောင်း၊ ကော်မရှင်အဖွဲ့ဝင် ဦးအောင်သန်းမြင့် က အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ အကြောင်းကို လည်းကောင်း၊ ကော်မရှင်အဖွဲ့ဝင် ဦးဇော်ဝင်း က ကော်မရှင်ကျင့်ဝတ်နှင့် ပတ်သက်၍ လည်းကောင်း၊ ပညာရေးဝန်ကြီးဌာန ရတနာပုံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမောင်မောင်နိုင်က “ပညာပြည့်ဝနှလုံးလှ လောကတစ်ခွင် ကောင်းကျိုးဆင်” ခေါင်းစဉ်ဖြင့် လည်းကောင်း ဆွေးနွေးပို့ချပြီး၊ ဆွေးနွေးပို့ချချက်များအပေါ် စခန်းဝင် လူငယ်မောင်မယ်များ၏ မေးမြန်းချက်များကို ပို့ချသူများမှ ပြန်လည်ဖြေကြားခဲ့ပါသည်။

ထို့နောက် မန္တလေးနည်းပညာတက္ကသိုလ်၊ ဘက်စုံခန်းမတွင် ညနေပိုင်း (6:30)နာရီမှ ည(8:00)နာရီ အထိ “နေရယ်၊ လရယ်၊ အမှန်တရားရယ်” ရုပ်ရှင်ဇာတ်ကားအား (2)ပိုင်းရွေးချယ်ပြသပြီး UNODC မှ ကျွမ်းကျင်သူ ဦးမျိုးထွန်းလင်းက ဇာတ်ကားပါ အကြောင်းအရာများကို စခန်းဝင် လူငယ်မောင်မယ်များနှင့် အပြန်အလှန်ဆွေးနွေးခြင်း၊ အဂတိလိုက်စားမှုနှင့် ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် နားလည်စေရန်အတွက် လက်တွေ့ဘဝနှင့် ဆက်စပ်ဆွေးနွေးခြင်းတို့ ပြုလုပ်ခဲ့ကြပါသည်။

Same In Category

Related Blogs By Tags