မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဦးဇော်ဝင်း ဉီးဆောင်သော ကိုယ်စားလှယ်အဖွဲ့၊ ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့တွင် ကျင်းပ ပြုလုပ်လျက်ရှိသည့် SEA-PAC ၏ (၁၅)ကြိမ်မြောက် အကြီးအမှူး အစည်းအဝေးသို့ တက်ရောက်ခြင်း

Published In: နောက်ဆုံးရသတင်း Created Date: 2019-10-10 Hits: 338

၂၀၁၉ ခုနှစ် အောက်တိုဘာ ၁၀ ရက်

---------------------------------

South East Asia Parties Against Corruption (SEA-PAC) အဖွဲ့ဝင်နိုင်ငံများအကြား အဂတိလိုက်စားမှုတိုက်ဖျက်ရေးကိစ္စရပ်များအပေါ် ပိုမိုထိရောက်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ ကောင်းမွန်သော အလေ့အထများ မျှဝေနိုင်ရေး၊ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး၊ အသိပညာပေးရေး၊ စုံစမ်းစစ်ဆေးရေးနယ်တို့တွင် ရှေ့ဆက်ဆောင်ရွက်မည့် (SEA-PAC) ၏ ၂၀၂၀−၂၀၂၂ လုပ်ငန်းအစီအစဉ်အား ချမှတ်နိုင်ရေးတို့နှင့် စပ်လျဉ်း၍ အစည်းအဝေးကို (၉−၁၀−၂၀၁၉) ရက်နေ့မှ (၁၀−၁၀−၂၀၁၉)နေ့ရက်များ၌ ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့ Royal Orchid Sheraton Hotel & Towers တွင် ကျင်းပပြုလုပ်ခဲ့ရာ SEA-PAC အဖွဲ့ဝင်နိုင်ငံ(၁၀) နိုင်ငံမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဉီးဇော်ဝင်းဉီးဆောင်သော ကိုယ်စားလှယ်အဖွဲ့မှ ပါဝင်တက်ရောက်ခဲ့ပါသည်။

အစည်းအဝေးတွင် မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ကော်မရှင် အဖွဲ့ဝင် ဦးဇော်ဝင်းမှ ကော်မရှင်၏ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ဆောင်ရွက်ခဲ့မှုများ၊ တားဆီးကာကွယ်ရေးအတွက် (Corruption Prevention Units) CPUs များ ဖွဲ့စည်းဆောင်ရွက်နေမှုများ၊ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်မားရေးအတွက် နိုင်ငံတကာ အဖွဲ့အစည်း များနှင့် ပူးပေါင်းဆောင်ရွက်နေမှုများ၊ စုံစမ်းစစ်ဆေးရေးနှင့် ပတ်သက်သည့် လုပ်ငန်းများအပေါ် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

Same In Category

Related Blogs By Tags