ACC Law (mm) ACC Law (eng)
ACC Rules (mm) ACC Rules (eng)
UNCAC Law (mm) UNCAC Law (eng)
နေပြည်တော်၊ ဖေဖော်ဝါရီလ (၂၅)
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာ ရုံး(UNODC)တို့ ပူးပေါင်း၍ ပြည်သူ့ဘဏ္ဍာနှင့် ဝယ်ယူရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ အဂတိ လိုက်စားမှုကို စုံစမ်းစစ်ဆေးခြင်းသင်တန်း (Mentoring Program for Investigating Public Finance and Procurement Related Corruption)ကို ကော်မရှင်ရုံး စုပေါင်းခန်းမ၌ ယနေ့နံနက် (၁၀)နာရီတွင် ဖွင့်လှစ်သည်။
သင်တန်းဖွင့်ပွဲတွင် ကော်မရှင်အတွင်းရေးမှူး ဦးစန်းဝင်းက အဖွင့်အမှာစကား ပြောကြား ရာတွင် ကုလသမဂ္ဂ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကွန်ဗင်းရှင်း(UNCAC)တွင် ဖော်ပြထားသော အစိုးရဝယ်ယူရေးလုပ်ငန်းစည်းမျဉ်းစည်းကမ်းများကို ကော်မရှင်ရုံးမှဝန်ထမ်းများ ပိုမိုတတ်ကျွမ်း နားလည်စေရန် သင်ကြားပို့ချပေးခြင်းဖြစ်ကြောင်း၊ အစိုးရဝန်ထမ်းများနှင့် ပုဂ္ဂလိကလုပ်ငန်းရှင် များအကြား ထိတွေ့မှုများသောနေရာဖြစ်သည့် ဝယ်ယူဖြည့်တင်းရေးပြုလုပ်ရာတွင် အဂတိ လိုက်စားမှုများ ဖြစ်နိုင်ခြေများကြောင်း၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့(OECD)၏ ထုတ်ပြန်ချက်အရ အဂတိလိုက်စားမှု ဖြစ်နိုင်ခြေရှိသည့် အခြေအနေများတွင် အစိုးရဝယ်ယူဖြည့်တင်းရေး၌ ၂၀% ဖြစ်ကြောင်း၊ အစိုးရဝယ်ယူဖြည့်တင်းရေးတွင် အဂတိ လိုက်စားမှုများကို ကိုင်တွယ်ဆောင်ရွက်နိုင်ရန် စတုတ္ထအကြိမ်ပြင်ဆင်သည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ၊ ပုဒ်မ ၃ ပုဒ်မခွဲ(က) ပုဒ်မခွဲငယ်(၂)တွင် ဖြည့်စွက်ပြင်ဆင်ခဲ့ကြောင်း၊ နိုင်ငံတော် သမ္မတရုံးမှ ဝယ်ယူဖြည့်တင်းရေး(တင်ဒါ) ဆောင်ရွက်ရာတွင် လိုက်နာရန် အချက်များကို အမိန့် အမှတ်၊ ၁/၂၀၁၇ ဖြင့် ထုတ်ပြန်ခဲ့ပါကြောင်း၊ သင်တန်းပို့ချချက်များကို လက်တွေ့ဆောင်ရွက်ရာ တွင် အသုံးချနိုင်ရေး ကြိုးစားသင်ယူကြရန် မှာကြားခဲ့ပါသည်။
ဆက်လက်၍ UNODC မှ Anti-Corruption Programme Manager ဖြစ်သူ Ms.Marie က သင်တန်းဖွင့်လှစ်ရခြင်းကို ထပ်မံရှင်းပြသည်။ သင်တန်းသို့ ကော်မရှင်ရုံးမှ သင်တန်းသား(၁၅)ဦး တက်ရောက်ခဲ့ပြီး ဖေဖော်ဝါရီလ (၂၇)ရက်ထိ (၃)ရက်ကြာ ဖွင့်လှစ်မည် ဖြစ်ပါသည်။