အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ နည်းပညာသင်တန်းပို့ချ

  • Thu, 19 January 2023

အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ နည်းပညာသင်တန်းပို့ချ


ပုသိမ်၊ ဇန်နဝါရီလ  ၁၉  ရက်

 အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ပူးပေါင်း၍ ၁၉-၁-၂၀၂၃ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၌ ဖွဲ့စည်းထားရှိသည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit-CPU) အား အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာနည်းပညာသင်တန်း ပို့ချခဲ့ရာ သင်တန်းတွင် ကော်မရှင်အဖွဲ့ဝင် ဦးကျော်စိုးလင်းက အသေးစားအဂတိလိုက်စားမှုများကို လျှော့ချနိုင်စေရန် ရည်ရွယ်၍ ဖွဲ့စည်းထားသည့် CPU အဖွဲ့များအနေဖြင့် လုပ်ငန်းတာဝန်များကို တိတိကျကျသိရှိ အကောင်ထည်ဖော်နိုင်ရန် ယနေ့သင်တန်းကို ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်းသည် နိုင်ငံ့ဝန်ထမ်းများ၊ ပြည်သူ့ဝန်ထမ်းများ၊ မီဒီယာများက ချမှတ်ထားသည့် စည်းမျဉ်း၊ စည်းကမ်း၊ ကျင့်ဝတ်များကို လိုက်နာဆောင်ရွက်ခြင်းနှင့် ပြည်သူများအားလုံး ပါဝင်ဆောင်ရွက်မှသာ အဂတိလိုက်စားမှုများ လျော့နည်းသွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပြီး၊ နိုင်ငံတကာရေးရာနှင့် တားဆီးကာကွယ်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးက CPU ၏ လုပ်ငန်းတာဝန်များ၊ တည်မြဲ လုပ်ထုံးလုပ်နည်း (Standing Operating Procedure-SOP) ၊ လုပ်ငန်းလမ်းညွှန် (Terms of Reference-TOR) ရေးဆွဲခြင်း၊ အဂတိလိုက်စားနိုင်ခြေအန္တရာယ်ရှိမှု ဆန်းစစ်လေ့လာခြင်း (Corruption Risk Assessment - CRA) ၊ အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ် (Public Feedback Programme - PFP) တို့နှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး PFP အသုံးပြုဆောင်ရွက်နိုင်ရေး လက်တွေ့လေ့ကျင့်ဆောင်ရွက်ခဲ့ကြောင်းနှင့် အပြန်အလှန်ဆွေးနွေးခဲ့ပါသည်။



ဆက်စပ် သတင်းများ