အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဌ ဦးသန်းဆွေ ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် အာဆီယံအဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ (ASEAN-PAC)၏ ၁၈ ကြိမ်မြောက် အကြီးအမှူးများ အစည်းအဝေးသို့တက်ရောက်ရန် ကမ္ဘောဒီးယား ဘုရင့်နိုင်ငံသို့ထွက်ခွာ

  • Mon, 21 November 2022

၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ    ၂၁     ရက်

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဌ ဦးသန်းဆွေ ခေါင်းဆောင်သော အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကိုယ်စားလှယ်အဖွဲ့သည် ကမ္ဘောဒီးယား အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ Vice-President YONN SINAT ၏ ဖိတ်ကြားချက်အရ နိုဝင်ဘာလ ၂၂ ရက်နေ့မှ ၂၃ ရက်နေ့အထိ ကမ္ဘောဒီးယားဘုရင့်နိုင်ငံ၊ ဖနွမ်းပင်မြို့၌ ကျင်းပပြုလုပ်မည့် အာဆီယံအဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ ( ASEAN-PAC) ၏ ၁၈ ကြိမ်မြောက်အကြီးအမှူးများ အစည်းအဝေးသို့တက်ရောက်ရန် ယနေ့နေ့လည်ပိုင်းတွင် ရန်ကုန်မြို့မှ ကမ္ဘောဒီးယားဘုရင့်နိုင်ငံ၊ ဖနွမ်းပင်မြို့သို့လေကြောင်းခရီးဖြင့်ထွက်ခွာသွားရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးသန်းထွတ်သိန်းနှင့်တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ခဲ့ကြပါသည်။

ဆက်စပ် သတင်းများ