လာအိုနိုင်ငံ အစိုးရစစ်ဆေးရေးဌာနနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး အာဏာပိုင်အဖွဲ့ (State Inspection and Anti-Corruption Authority-SIAA) သို့ တရားဝင်အလုပ်သဘောလေ့လာရေးခရီး သွားရောက်ခဲ့မှု

  • Tue, 20 November 2018

 လာအိုနိုင်ငံ အစိုးရစစ်ဆေးရေးဌာနနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး အာဏာပိုင်အဖွဲ့ (State Inspection and Anti-Corruption Authority-SIAA) သို့ တရားဝင်အလုပ်သဘောလေ့လာရေးခရီး သွားရောက်ခဲ့မှု


မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် နှင့် လာအိုနိုင်ငံအစိုးရ စုံစမ်းစစ်ဆေးရေး နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးအာဏာပိုင်အဖွဲ့ (State Inspection and Anti-Corruption Authority-SIAA) တို့အကြား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အတွေ့အကြုံများကို အမြင် ခြင်း ဖလှယ်ဆွေးနွေးရန်အတွက် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်နေ့မှ ၂၃ ရက်နေ့အထိ မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဦးဇော်ဝင်း ဦးဆောင်၍ ကော်မရှင်အဖွဲ့ဝင် ဦးအောင်သန်းမြင့်၊ ကော်မရှင်ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးလင်းဝေအောင်တို့သည် လာအိုနိုင်ငံသို့ တရားဝင်အလုပ်သဘောခရီး သွားရောက်ခဲ့ပါသည်။

အဆိုပါခရီးစဉ်အတွင်း ၂၁-၁၁-၂၀၁၈ ရက်နေ့တွင် လာအိုနိုင်ငံ SIAA သို့ သွားရောက်၍ SIAA ၏ ဒုတိယဥက္ကဋ္ဌ Mr. Sinay Mianglavanh ဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့သည့် အဂတိလိုက်စားမှုတား ဆီးကာကွယ်တိုက်ဖျက်ရေးနှင့် စပ်လျဉ်းသည့် အတွေ့အကြုံ ဖလှယ်ရေးဆိုင်ရာ နှစ်နိုင်ငံအစည်းအဝေး သို့ တက်ရောက်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရာတွင် ကြုံတွေ့ရသည့်စိန်ခေါ်မှုများ၊ အောင်မြင်မှုများ နှင့် ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ နှစ်နိုင်ငံ အတွေ့အကြုံများ ဖလှယ်ခဲ့ ပါသည်။၂၁-၁၁-၂၀၁၈ ရက်နေ့ ညနေပိုင်းတွင် လာအိုနိုင်ငံ၏ ဒုတိယဝန်ကြီးချုပ်နှင့် SIAA ၏ ဥက္ကဋ္ဌ ဖြစ်သူ H.E. Dr. Bounthong Chitmany အား ဂါရဝပြု တွေ့ဆုံ၍ အမြင်ခြင်းဖလှယ် ဆွေးနွေးခဲ့ပြီး ဒုတိယဝန်ကြီးချုပ် မှ တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့ တက်ရောက်ခဲ့ပါသည်။

၂၂-၁၁-၂၀၁၈ ရက်နေ့တွင် လာအိုနိုင်ငံ၊ ဗီယန်ကျင်းပြည်နယ်သို့ သွားရောက်၍ မြို့တော်ဝန် Mr. Vidong Xayyasore နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ ၂၃-၁၁-၂၀၁၈ ရက်နေ့တွင် ဗီယန်ကျင်းမြို့ရှိ Patuxay အထိမ်းအမှတ် အဆောက်အဦ၊ Wat Phra Kaew ဘုရားနှင့် Sisaket ဘုရားသို့ လိုက်ပါပို့ဆောင်ပေးခဲ့ကြပါသည်။

ခရီးစဉ်အတွင်း လာအိုနိုင်ငံ၏အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် တားဆီးကာကွယ်ရေးလုပ်ငန်း စဉ်များ ဆောင်ရွက်ရာ၌ ကြုံတွေ့ရသည့် အတွေ့အကြုံများ၊ အောင်မြင်မှုများ၊ စိန်ခေါ်မှုများ၊ ရှေ့ဆက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို လေ့လာသိရှိခဲ့ရပါသည်။ ထို့အပြင် မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ကြိုတင်တားဆီးကာကွယ် ရေး၊ အသိပညာပေးရေး၊ ဥပဒေမူဘောင်နှင့် အဖွဲ့အစည်းဆိုင်ရာ မူဘောင်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း များ၊ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းများ၊ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ် များအား ဆွေးနွေးပြောကြားခြင်း ဆောင်ရွက်နိုင်ခဲ့ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် စပ်လျဉ်း၍  နှစ်နိုင်ငံအကြား ကဏ္ဍသစ်တစ်ခု ဖွင့်လှစ်ခြင်း ဆောင်ရွက်နိုင်ခဲ့ပါသည်။

ဆက်စပ် သတင်းများ