UNCAC Implementation Review Group First Resumed Ninth Session အစည်းအဝေးနှင့် The Open-ended Intergovernmental Working Group on the Prevention of Corruption Ninth Meeting အစည်းအဝေး

  • Wed, 5 September 2018

 UNCAC Implementation Review Group First Resumed Ninth Session အစည်းအဝေးနှင့် The Open-ended Intergovernmental Working Group on the Prevention of Corruption Ninth Meeting အစည်းအဝေး


သြစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့၌ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်နေ့မှ ၅ ရက်နေ့အထိ ကျင်းပ ပြုလုပ်ခဲ့သည့် ကုလသမဂ္ဂ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကွန်ဗင်းရှင်း အကောင်အထည်ဖော်ဆောင်မှု သုံးသပ်ရေးအဖွဲ့ (UNCAC Implementation Review Group) နဝမအကြိမ် အစည်းအဝေး၏ ဆက်လက် ကျင်းပသော ပထမ အစည်းအဝေးနှင့် ၂၀၁၈ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့မှ ၇ ရက်နေ့အထိ ကျင်းပ ပြုလုပ်ခဲ့သည့် အစိုးရအဆင့် အဂတိ လိုက်စားမှု ကာကွယ်တားဆီးရေးလုပ်ငန်းအဖွဲ့ (Open-ended Intergovernmental Working Group on the Prevention of Corruption) ၏ နဝမအကြိမ် အစည်း အဝေးများသို့ မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဒေါ်မြတ်မြတ်စိုးနှင့် ဒုတိယညွှန်ကြားရေးမှူး ဦးသန်းဇော်ဝင်းတို့ တက်ရောက်ခဲ့ပါသည်။

အဆိုပါအစည်းအဝေးများသို့မြန်မာကိုယ်စားလှယ်အဖွဲ့နှင့်အတူ ကုလသမဂ္ဂမြန်မာအမြဲတမ်းကိုယ်စား လှယ်အဖွဲ့ရုံး (ဗီယင်နာ) မှ သံအမတ်ကြီး ဦးစံလွင် နှင့် ဒုတိယအတွင်းဝန် ဒေါ်ဆုဝေဖိုးကြားတို့ ပါဝင် တက်ရောက်ကြပါသည်။ အစည်းအဝေးသို့ ကွန်ဗင်းရှင်းအဖွဲ့ဝင် နိုင်ငံပေါင်း(၁၀၂) နိုင်ငံမှ ကိုယ်စားလှယ် များ၊ အရပ်ဖက်နှင့် အစိုးရမဟုတ်သော အဖွဲ့အစည်း (၈) ခုမှ ကိုယ်စားလှယ်များ၊ နိုင်ငံတကာအဖွဲ့အစည်းနှင့် ဒေသဆိုင်ရာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ စုစုပေါင်း (၃၄၉) ဦး တက်ရောက်ကြပါသည်။

UNCAC Implementation Review Group First Resumed Ninth Session အစည်းအဝေးနှင့် The Open-ended Intergovernmental Working Group on the Prevention of Corruption Ninth Meeting အစည်းအဝေး များသို့ တက်ရောက်ခြင်းဖြင့် အခြားကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံများ၏ သုံးသပ်မှု လုပ်ငန်းစဉ်နှင့် ပတ်သက်သည့် အောင်မြင်မှုများ၊ ရင်ဆိုင်ရသော အခက်အခဲနှင့် စိန်ခေါ်မှုများ၊ ကျွမ်းကျင်မှု အကူအညီလိုအပ်ချက်များကို ကြားသိရသဖြင့် မိမိနိုင်ငံ၏အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးနှင့် တိုက် ဖျက်ရေး လုပ်ငန်းစဉ်များအတွက် နိုင်ငံတကာမှ သင်ယူသင့်သည်များကို ပိုမိုကျယ်ပြန့်စွာ သိရှိနားလည်ခွင့် ရရှိပါသည်။ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးလုပ်ငန်း အဖွဲ့အစည်းအဝေးတွင် တားဆီးကာကွယ်ရေး အတွက် ကိရိယာတန်ဆာပလာအဖြစ် အသုံးပြုနိုင်မည့် ပိုင်ဆိုင်မှုနှင့် ငွေကြေးထုတ်ဖော် ကြေညာခြင်း နည်းလမ်း နှင့် အကျိုးစီးပွားချင်း ပဋိပက္ခ ဖြစ်မှု နည်းလမ်းများ၏ အရေးပါမှုနှင့် ကောင်းမွန်သော အလေ့အကျင့် များကို သိရှိရသဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ လက်ရှိ တားဆီးကာကွယ်ရေး ဆောင်ရွက်မှု များအား ပိုမိုပြည့်စုံစေရန် ဖြည့်ဆည်းနိုင်သည့် အကျိုးကျေးဇူးများ ရရှိခဲ့ပါသည်။

 

 

ဆက်စပ် သတင်းများ