အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး H.E. Mr. Scot Marciel နှင့်အဖွဲ့အား လက်ခံတွေ့ဆုံခြင်း

  • Wed, 22 May 2019

 အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး H.E. Mr. Scot Marciel နှင့်အဖွဲ့အား လက်ခံတွေ့ဆုံခြင်း


နေပြည်တော်၊ မေလ (၂၂) ရက်     


အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်သည် မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး H.E. Mr. Scot Marciel နှင့်အဖွဲ့အား ယနေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် နေပြည်တော်ရှိ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ဆောင်ရွက်လျက်ရှိသည့် အသိပညာပေးလုပ်ငန်းများ၊ တားဆီးကာကွယ်ရေးလုပ်ငန်းများနှင့် စုံစမ်းစစ်ဆေးရေးလုပ်ငန်း များဆောင်ရွက်မှုများတွင် တွေ့ကြုံရသောအခက်အခဲများနှင့် တိုးတက်မှုအခြေအနေ များကိုလည်းကောင်း၊ နိုင်ငံတကာအဖွဲ့အစည်းများတွင် ဌာနတွင်းစစ်ဆေးရေးလုပ်ငန်းများ ၏ အောင်မြင်ထိရောက်မှုရှိပုံများကိုလည်းကောင်း ဆွေးနွေးခဲ့ကြပါသည်။

တွေ့ဆုံပွဲသို့ ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်နှင့်အတူ အတွင်းရေးမှူး ဦးစန်းဝင်းနှင့် ကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူးချုပ်  ဦးထင်ကျော်တို့ တက်ရောက်ခဲ့ကြသည်။

ဆက်စပ် သတင်းများ