အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးဆောင်၍ Westminster Foundation for Democracy (WFD) မှ အထက်တန်းအကြံပေး ပုဂ္ဂိုလ် Mr. Franklin De Vrieze နှင့် အဖွဲ့အား လက်ခံတွေ့ဆုံ

  • Fri, 24 August 2018

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးဆောင်၍ Westminster Foundation for Democracy (WFD) မှ အထက်တန်းအကြံပေး ပုဂ္ဂိုလ် Mr. Franklin De Vrieze နှင့် အဖွဲ့အား လက်ခံတွေ့ဆုံ


မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်သည် လန်ဒန်မြို့ ဝက်စ်မင်းစတား ဒီမိုကရေစီဖောင်ဒေးရှင်း(WFD) မှ အထက်တန်း အကြံပေး ပုဂ္ဂိုလ် မစ္စတာ ဖရန်ကလင် ဒီဗရီး နှင့် အဖွဲ့အား ယနေ့နံနက် ၁၀:ဝ၀ နာရီက နေပြည်တော်ရှိ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ရုံး ဧည့်ခန်းမတွင် လက်ခံတွေ့ဆုံသည်။

ထိုသို့ တွေ့ဆုံစဉ် ကမ္ဘာ့နိုင်ငံများစွာ၌ လွတ်လပ်သော စောင့်ကြည့်ထိန်းကျောင်းရေး အင်စတီ ကျုရှင်းများ (Independent Oversight Institutions) တွင် တစ်ခုအပါအဝင်ဖြစ်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး အေဂျင်စီများ၏ အခန်းကဏ္ဍများ၊ လုပ်ပိုင်ခွင့်များ၊ ကောင်းမွန် သော အုပ်ချုပ်ရေးစနစ်ဖြစ်ပေါ်စေရေး အတွက် ဆောင်ရွက်မှုအခြေအနေများ၊ မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သည် အစိုးရဌာနများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ အရပ်ဖက် အဖွဲ့အစည်းများနှင့်လည်းကောင်း၊ နိုင်ငံတကာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး အဖွဲ့အစည်းများနှင့် လည်းကောင်း ပူးပေါင်းဆောင်ရွက်နေသည့် အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေး ခဲ့ပါသည်။

တွေ့ဆုံပွဲသို့ ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်နှင့်အတူ အတွင်းရေးမှူး ဦးစန်းဝင်း၊ ကော်မရှင်အဖွဲ့ဝင် ဦးဇော်ဝင်းနှင့် ညွှန်ကြားရေးမှူးချုပ် ဦးထင်ကျော် တို့တက်ရောက်ခဲ့ကြပါသည်။

ဆက်စပ် သတင်းများ