အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးဆောင်၍ မြန်မာနိုင်ငံဆိုင်ရာ နယ်သာလန်နိုင်ငံသံရုံးမှ သံအမတ်ကြီး H.E. Mr.Wouter Jurgens နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

  • Fri, 26 October 2018

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးဆောင်၍ မြန်မာနိုင်ငံဆိုင်ရာ နယ်သာလန်နိုင်ငံသံရုံးမှ သံအမတ်ကြီး  H.E. Mr.Wouter Jurgens နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ


နေပြည်တော်၊ စက်တင်ဘာလ (၂၆) ရက်

မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်သည် မြန်မာနိုင်ငံဆိုင်ရာ နယ်သာလန်နိုင်ငံ သံရုံးမှ သံအမတ်ကြီး H.E. Mr. Wouter Jurgens နှင့်အဖွဲ့အား ၂၆-၉-၂၀၁၈ ရက်နေ့ ၁၅:ဝဝနာရီအချိန်က နေပြည်တော်ရှိ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံး၊ ဧည့်ခန်းမတွင် လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ အဂတိလိုက်စားမှု ကာကွယ်တားဆီးရေးနှင့် တိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်ချက်များ၊ အစိုးရဌာနများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ အရပ်ဘက် အဖွဲ့အစည်းများနှင့်လည်းကောင်း၊ နိုင်ငံတကာအဖွဲ့အစည်း များနှင့်လည်းကောင်း ပူးပေါင်းဆောင်ရွက်နေသည့် အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြပါသည်။

တွေ့ဆုံပွဲသို့ ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်နှင့်အတူ ကော်မရှင် အတွင်းရေးမှူး ဦးစန်းဝင်း၊ ကော်မရှင်အဖွဲ့ဝင်များဖြစ်ကြသော ဦးဇော်ဝင်းနှင့် ဒေါ်မြတ်မြတ်စိုး တို့ တက်ရောက်ခဲ့ကြပါသည်။

ဆက်စပ် သတင်းများ