ဗီယက်နမ်နိုင်ငံ အစိုးရစစ်ဆေးရေးဌာန (GIV) မှ ဒုတိယ အကြီးအကဲ H.E. Mr. Dong Coung Huan ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ဥက္ကဋ္ဌ ဦးဆောင်သောအဖွဲ့အား တွေ့ဆုံခြင်း

  • Mon, 22 October 2018

ဗီယက်နမ်နိုင်ငံ အစိုးရစစ်ဆေးရေးဌာန (GIV) မှ ဒုတိယ အကြီးအကဲ H.E. Mr. Dong Coung Huan ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ဥက္ကဋ္ဌ ဦးဆောင်သောအဖွဲ့အား တွေ့ဆုံခြင်း


မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ဗီယက်နမ်နိုင်ငံ အစိုးရစစ်ဆေးရေးဌာနတို့ အကြား နှစ်နိုင်ငံနားလည်မှုစာချွန်လွှာအရ အလုပ်သဘောလေ့လာရေးခရီးအဖြစ် ရောက်ရှိနေသော ဗီယက်နမ်နိုင်ငံ အစိုးရစစ်ဆေးရေးဌာန (GIV) မှ ဒုတိယ အကြီးအကဲ H.E. Mr. Dong Coung Huan ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ၂၀-၁၀-၂၀၁၈ ရက်နေ့ ၁၀၀၀ နာရီ မှ ၁၁၃၀ နာရီထိ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) အစည်းအဝေးခန်းမ၌ အသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း ဦးဆောင်သောအဖွဲ့နှင့် တွေ့ဆုံခဲ့ရာ ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက အသင်းချုပ်၏သမိုင်းကြောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နှင့် ပူးပေါင်း၍ အဂတိလိုက်စားမှုအား ဆန့်ကျင်ခြင်းပူးတွဲကြေညာချက် လက်မှတ်ရေးထိုးထားရှိမှု၊ စီးပွားရေးအသိုက်အဝန်းအတွင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဆောင်ရွက်နေမှုတို့အား ရှင်းလင်းတင်ပြကြရာ GIV အဖွဲ့မှ သိရှိလိုသည်များအား ပြန်လည်မေးမြန်းဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ပါသည်။

အဆိုပါ ကိုယ်စားလှယ်အဖွဲ့အား ၁၁၄၅နာရီအချိန်တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ဥက္ကဋ္ဌက နေ့လည်စာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြပါသည်။

ဆက်စပ် သတင်းများ