အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံအမတ်ကြီးနှင့် အဖွဲ့အား လက်ခံတွေ့ဆုံ

  • Wed, 4 July 2018

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံအမတ်ကြီးနှင့် အဖွဲ့အား လက်ခံတွေ့ဆုံ


မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်သည် မြန်မာနိုင်ငံ ဆိုင်ရာ ရုရှားနိုင်ငံသံရုံးမှ သံအမတ်ကြီး H.E. Dr. Nikolay Listopadov နှင့် အဖွဲ့အား ၄-၇-၂၀၁၈ ရက်နေ့ နံနက် ၁၀ နာရီက နေပြည်တော်ရှိ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး ဧည့်ခန်းမတွင် လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် အဂတိလိုက်စားမှုတားဆိးကာကွယ်တိုက်ဖျက်ရေးအတွက် မြန်မာနိုင်ငံအဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ပညာပေးခြင်း၊ တားဆီးကာကွယ်ခြင်း၊ စုံစမ်းစစ်ဆေးအရေးယူခြင်း နည်းလမ်း ၃ ရပ်ဖြင့် အကောင်အထည်ဖော်ဆောင်နေသည့် ဆောင်ရွက်ချက်များ ရှင်းလင်း ဆွေးနွေးခဲ့ပြီး သံအမတ်ကြီးက ရုရှားနိုင်ငံ သမ္မတရုံးအောက်ရှိ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဌာနနှင့် အစိုးရဝန်ကြီးဌာနများရှိ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့များ၏ အရေးကြီးသော ဆောင်ရွက်ချက်များ၊ အစိုးရဝန်ထမ်းများအား အဂတိလိုက်စားမှု မပြုနိုင်ရန် ညွှန်ကြားထားရှိမှုများ၊ လက်ဆောင်ပစ္စည်းဆိုင်ရာ ညွှန်ကြားချက် ထုတ်ပြန်ထားရှိမှု စသည့် ရုရှားနိုင်ငံ၏ အဂတိလိုက်စားမှု တားဆီးကာကွယ်တတိုက်ဖျက်ရေး ဆောင်ရွက်ချက် အခြေအနေများကို ဆွေးနွေးပါသည်။

ထို့နောက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးနယ်ပယ်တွင် နှစ်နိုင်ငံ အပြန်အလှန်ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စကို ဆက်လက် ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်နှင့်အတူ အတွင်းရေးမှူး ဦးစန်းဝင်း၊ ကော်မရှင် အဖွဲ့ဝင် ဦးဇော်ဝင်း၊ ကော်မရှင်အဖွဲ့ဝင် ဒေါ်မြတ်မြတ်စိုးနှင့် ကော်မရှင်ရုံးညွှန်ကြားရေးမှူးချုပ်တို့ တက် ရောက်ခဲ့ပြီး ဧည့်သည်တော် မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး H.E. Dr. Nikolay Listopadov နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံရုံးမှ Mr. Nikolay Berminov လည်း တက်ရောက်ခဲ့သည်။

ဆက်စပ် သတင်းများ