မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံသံရုံးမှ သံအမတ်ကြီး H.E Mr. Lee Sang-hwa ဦးဆောင်သောအဖွဲ့အားလက်ခံတွေ့ဆုံဆွေးနွေးမှု

  • Thu, 23 August 2018

 မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံသံရုံးမှ သံအမတ်ကြီး H.E Mr. Lee Sang-hwa ဦးဆောင်သောအဖွဲ့အားလက်ခံတွေ့ဆုံဆွေးနွေးမှု


    မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးဆောင်သောအဖွဲ့သည် မြန်မာ နိုင်ငံဆိုင်ရာကိုရီးယားသမ္မတနိုင်ငံသံရုံးမှ သံအမတ်ကြီး H.E. Mr. Lee Sang-hwa ဦးဆောင်သော အဖွဲ့အား ၂၃-၈-၂၀၁၈ ရက်နေ့ နံနက်(၁၀:၀၀)နာရီမှ (၁၀:၁၅)နာရီ ထိ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ တွေ့ဆုံဆွေးနွေးခန်းတွင် လက်ခံတွေ့ဆုံခဲ့ပါသည်။

     တွေ့ဆုံဆွေးနွေးပွဲတွင် အဂတိလိုက်စားမှုတားဆီးကာကွယ်တိုက်ဖျက်ရေးတွင် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ရေးကိစ္စရပ်များ၊ Corruption Prevention Unit ဖွဲ့စည်းရေးကိစ္စများ၊ Corruption Risk Assessment (CRA) နှင့် စပ်လျဉ်း၍ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရေးနှင့် သင်တန်းပေးရေး ကိစ္စရပ်များ နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ပါသည်။

ဆက်စပ် သတင်းများ