UNODC မှ Anti-Corruption and Law Enforcement Expert Mr.Raghavan Kuppuswamy အား လက်ခံတွေ့ဆုံဆွေးနွေးမှု

  • Thu, 5 July 2018

အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံးမှ ကော်မရှင်အဖွဲ့ဝင် ဒေါ်မြတ်မြတ်စိုး ဦးဆောင်သောအဖွဲ့သည် UNODC မှ Anti-Corruption and Law Enforcement Expert Mr. Raghavan Kuppuswamy အား ၅-၇-၂၀၁၈ ရက်နေ့ (၁၀:၀၀) နာရီ မှ (၁၂:၀၀) နာရီထိ မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံး၊ စုပေါင်းခန်းမ၌ လက်ခံတွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။

တွေ့ဆုံဆွေးနွေးပွဲတွင် ရုံးဝန်ထမ်းများအား စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းပို့ချရေး၊ စုံစမ်းစစ်ဆေးခြင်း ဆရာကိုင်လက်စွဲ (Teacher's Guide) ပြုစုရေး၊ Mentoring Plan ဆောင်ရွက် မည့်ကိစ္စနှင့် Standard Operating Procedures (SOP) အပြီးသတ် ပြင်ဆင်ဆောင်ရွက်ရေး ကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။

ဆက်စပ် သတင်းများ