မြန်မာနိုင်ငံ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုဆိုင်ရာ အရပ်ဖက်မဟာမိတ်အဖွဲ့ (Myanmar Alliance for Transparency and Accountability-MATA) အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးမှု

  • Wed, 11 July 2018

 မြန်မာနိုင်ငံ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုဆိုင်ရာ အရပ်ဖက်မဟာမိတ်အဖွဲ့ (Myanmar Alliance for Transparency and Accountability-MATA) အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးမှု


အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည် ဦးဆောင်သော အဖွဲ့သည် မြန်မာနိုင်ငံ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုဆိုင်ရာ အရပ်ဖက်မဟာမိတ်အဖွဲ့ (Myanmar Alliance for Transparency and Accountability-MATA) အဖွဲ့အား ၁၁-၇-၂၀၁၈ ရက်နေ့(၁၃:၀၀)နာရီမှ (၁၄:၄၅) နာရီထိ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌရုံး၊ အစည်းအဝေးခန်း၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

တွေ့ဆုံဆွေးနွေးပွဲတွင် Extractive Industries Transparency Initiative (EITI) အဖွဲ့က ၂၀၁၈ ခုနှစ် မတ်လတွင် ထုတ်ပြန်ခဲ့သော ၂၀၁၄-၂၀၁၅ ခုနှစ်တွင်းထွက်သယံဇာတတူးဖော် ထုတ်လုပ်မှုဆိုင်ရာ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေးလုပ်ငန်းအစီရင်ခံစာတွင်ဖော်ပြထားသည့် တွေ့ရှိ ချက်များအား ဆွေးနွေးခဲ့ပါသည်။

ဆက်စပ် သတင်းများ