UNDP မှ Chief Technical Advisor Mr.Christophoros Politis ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံဆွေးနွေးမှု

  • Tue, 17 July 2018

     မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဦးဇော်ဝင်း ဦးဆောင် သော အဖွဲ့သည် UNDP မှ Chief Technical Advisor Mr.Christophoros Politis ဦးဆောင်သောအဖွဲ့ အား၁၇-၇-၂၀၁၈ရက်နေ့(၁၄:၀၀)နာရီမှ(၁၅:၃၀)နာရီထိ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး ၌ လက်ခံတွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။

   တွေ့ဆုံဆွေးနွေးပွဲတွင်မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် (UNDP) တို့ ပူးပေါင်းရေးဆွဲထားသည့် ကော်မရှင်အဖွဲ့ဝင်များနှင့် ကော်မရှင် ဝန်ထမ်းများ လိုက်နာရမည့် ကျင့်ဝတ်( CoC) စတင် ဆောင်ရွက်သည့် အခမ်းအနားနှင့် အဂတိ လိုက်စားမှုကာကွယ်တားဆီးရေးအဖွဲ့ (Corruption Prevention Unit- CPU) ဖွဲ့စည်းရေးနှင့် ပတ်သက်၍ သင်တန်းပို့ချမည့် ကိစ္စရပ်များအား ဆွေးနွေးခဲ့ပါသည်။

 

ဆက်စပ် သတင်းများ