ထိုင်းနိုင်ငံရှိ အမေရိကန်သံရုံးမှ ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးမှု

  • Tue, 12 June 2018

မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေး​ကော်မရှင်ရုံးမှ ကော်မရှင် အဖွဲ့ဝင် ဦးဇော်ဝင်း၊ ကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင် နှင့် ကော်မရှင်အဖွဲ့ဝင် ဒေါ်မြတ်မြတ်စိုး ဦးဆောင်သောအဖွဲ့သည် ထိုင်းနိုင်ငံရှိ အမေရိကန်နိုင်ငံသံရုံးမှ Legal Attache' Mr. John Schachnovsky ဦးဆောင်သော အဖွဲ့အား ၁၂-၆-၂၀၁၈ ရက်နေ့ (၁၅:၀၀) နာရီမှ (၁၆:၄၅) နာရီထိ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံး၊ စုပေါင်းခန်းမတွင် လက်ခံတွေ့ဆုံ ခဲ့ပါသည်။

တွေ့ဆုံဆွေးနွေးပွဲတွင်အမေရိကန်ပြည်ထောင်စု၊စုံစမ်စစ်ဆေးရေးဗျူရို(FBI)နှင့် ချိတ်ဆက် ဆောင်ရွက်နိုင်မည့် လုပ်ငန်းစဉ်များ၊ ဖြစ်နိုင်ချေရှိသည့် အနာဂတ်သင်ကြားမှု အစီအစဉ် များနှင့် ပတ်သက်၍ဆွေးနွေးခဲ့ကြပါသည်။

ဆက်စပ် သတင်းများ