မြန်မာနိုင်ငံ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုဆိုင်ရာ အရပ်ဖက်မဟာမိတ်အဖွဲ့ (Myanmar Alliance Transparency and Accountability-MATA) အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးမှု

  • Fri, 6 July 2018

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည် ဦးဆောင်သော အဖွဲ့သည် မြန်မာနိုင်ငံ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုဆိုင်ရာ အရပ်ဖက်မဟာမိတ်အဖွဲ့ (Myanmar Alliance Transparency and Accountability-MATA) အဖွဲ့အား ၁၂-၆-၂၀၁၈ ရက်နေ့(၁၃:၀၀)နာရီမှ (၁၃:၃၅) နာရီထိ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌရုံး၊ အစည်းအဝေးခန်း၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

တွေ့ဆုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံအဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ဆောင် ရွက်နေသည့်အဂတိလိုက်စားမှုတားဆီးကာကွယ်တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး လုပ်ငန်း များတွင် မြန်မာနိုင်ငံပွင့်လင်း မြင်သာမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှု ဆိုင်ရာအရပ်ဖက် မဟာမိတ် အဖွဲ့မှ ပူးပေါင်းပါဝင် ဆောင်ရွက်မည့် ကဏ္ဍများကို ဆွေးနွေးခဲ့ပါသည်။

 

ဆက်စပ် သတင်းများ