နော်ဝေနိုင်ငံသံရုံးမှ သံအမတ်ကြီး H.E. Ms. Tone Tinnes နှင့် တွေ့ဆုံဆွေးနွေးမှု

  • Tue, 15 May 2018

 နော်ဝေနိုင်ငံသံရုံးမှ သံအမတ်ကြီး H.E. Ms. Tone Tinnes နှင့် တွေ့ဆုံဆွေးနွေးမှု


အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌဦးအောင်ကြည် ဦးဆောင်သောအဖွဲ့အား နော်ဝေနိုင်ငံသံရုံးမှ သံအမတ်ကြီး H.E. Ms. Tone Tinnes ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ၁၅-၅-၂၀၁၈ ရက်နေ့ (၁၀:၀၀)နာရီမှ (၁၀:၅၀) နာရီထိ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ တွေ့ဆုံဆွေးနွေးခန်းတွင် လာရောက်ဂါရဝပြု တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

တွေ့ဆုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ရေးဆွဲထားသည့် ၂၀၁၈ ခုနှစ်အတွက် လုပ်ငန်းစီမံချက် အကောင်အထည်ဖော်ဆောင်မှု၊ ရေရှည်မျှော်မှန်း ဆက်လက်ဆောင်ရွက်သွားမည့် မဟာဗျူဟာစီမံကိန်းရေးဆွဲနေမှု၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၊  ပြည်တွင်းလူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှု၊ ပွင့်လင်းမြင်သာမှု၊ ဖြောင့်မတ်တည်ကြည်မှုအတွက် ကော်မရှင်နှင့် ကော်မရှင်ဝန်ထမ်းများ လိုက်နာရမည့် ကျင့်ဝတ်ရေးဆွဲ အကောင်အထည်ဖော်ဆောင်မှုနှင့် အဂတိလိုက်စားမှု တားဆီးကာကွယ်တိုက်ဖျက်ရေးနယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းစဉ်တို့ကို ဆွေးနွေးခဲ့ကြပါသည်။

ဆက်စပ် သတင်းများ