UNODC မှ Anti-Corruption and Law Enforcement International Expert Mr. Raghavan Kuppuswamy အား လက်ခံတွေ့ဆုံဆွေးနွေးမှု

  • Thu, 5 April 2018

     အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အတွင်းရေးမှူး ဦးစန်းဝင်း ဦးဆောင်သော အဖွဲ့သည် UNODC မှ Anti-Corruption and Law Enforcement International Expert Mr. Raghavan Kuppuswamy အား ၅-၄-၂၀၁၈ ရက်နေ့ ၁၃:၀၀ နာရီ မှ ၁၆:၀၀ နာရီထိ မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ စုပေါင်းခန်းမ၌ လက်ခံ တွေ့ဆုံခဲ့ပါ သည်။

        တွေ့ဆုံဆွေးနွေးပွဲတွင်UNODC အကြံပေးပုဂ္ဂိုလ်မှ Investigation Manual ပထမမူကြမ်း ရေးဆွဲရာတွင် Template အသုံးပြုမှုအတွက် အမှုနမူနာများ ထည့်သွင်းရေးနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။

ဆက်စပ် သတင်းများ