ဥရောပသမဂ္ဂအဖွဲ့ရုံးမှ သံအမတ်ကြီး H.E Mr.Kristian Schmidt အား လက်ခံတွေ့ဆုံဆွေးနွေးမှု

  • Tue, 6 February 2018

ဥရောပသမဂ္ဂအဖွဲ့ရုံးမှ သံအမတ်ကြီး H.E Mr.Kristian Schmidt အား လက်ခံတွေ့ဆုံဆွေးနွေးမှု


        မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည် ဦးဆောင် သော အဖွဲ့အား ဥရောပသမဂ္ဂအဖွဲ့ရုံးမှ သံအမတ်ကြီး H.E Mr.Kristian Schmidt ဦးဆောင်သော အဖွဲ့ သည် ၂၅-၁-၂၀၁၈ ရက်နေ့တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ တွေ့ဆုံဆွေးနွေးခန်းတွင် ဂါရဝပြု လာရောက်၍ တွေ့ဆုံမိတ်ဆက်ဆွေးနွေးခဲ့ပါသည်။

      ဆွေးနွေးပွဲတွင် ကော်မရှင်စတင်တာဝန်ယူဆောင်ရွက်ခဲ့သည့် နှစ်လတာ ကာလအတွင်း ဆောင်ရွက်ပြီးစီးခဲ့သည့် လုပ်ငန်းများ၊ ၂၀၁၈ ခုနှစ် Action Plan ပါ အနာဂါတ်တွင် ဆက်လက် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များ၊ ပေါ်လစီမူဘောင်နှင့် ဥပဒေမူဘောင် ဖွံဖြိုးတိုးတက်ရေး လုပ်ငန်းများ ၊ အခြေခံပညာကျောင်းများမှ စတင်၍ ကိုယ်ကျင့်သိက္ခာမြှင့်တင်ရေး၊ အဂတိ လိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ ပညာပေးမြှင့်တင်ရေးအတွက် ဖြစ်နိုင်ဖွယ်ရှိသည့် အလားအလာများကို ဆွေးနွေးခဲ့ကြပါသည်။

ဆက်စပ် သတင်းများ