UNODC မှ ကိုယ်စားလှယ်များအား လက်ခံတွေ့ဆုံဆွေးနွေးမှု

  • Tue, 6 February 2018

၁။        မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည် ဦးဆောင် သော အဖွဲ့သည် UNODC မှ Country Manager Mr.Troels Vester အား ၁၅-၁-၂၀၁၈ ရက်နေ့ တွင် နေပြည်တော် သင်္ဂဟဟိုတယ်၊ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံဆွေးနွေးခဲ့ပါသည်။

၂။      ဆွေးနွေးပွဲတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အတွက်ကျင့်ဝတ်ဥပဒေထွက်ပေါ်လာ ရေးနှင့် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့၌ ၂၀၁၈ ခုနှစ် မတ်လ ၅ ရက်နေ့တွင်ကျင်းပမည့် အစည်းအဝေး သို့ ကော်မရှင်ဥက္ကဋ္ဌမှ တက်ရောက်နိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

ဆက်စပ် သတင်းများ