United Nations Development Programme (UNDP) မှ ကိုယ်စားလှယ်များအား လက်ခံတွေ့ဆုံဆွေးနွေးမှု

  • Tue, 25 July 2017

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင် ဦးကျော်ကျော်ဦးဆောင်သော အဖွဲ့သည်United Nations Development Programme (UNDP) မှ ProgrammeAdvisor Ms.Elodie Bethဦးဆောင်သောအဖွဲ့အား ၂၅-၇-၂၀၁၇ ရက်နေ့ ၁၀:၀၀ နာရီမှ ၁၂:၃၀ နာရီအထိ မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံး၌ လက်ခံတွေ့ဆုံဆွေးနွေးခဲ့ပါသည်။

တွေ့ဆုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံရှိ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့်စပ်လျဉ်းသည့် အခြေခံအဆောက်အအုံ/မူဘောင်များနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး လုပ်ငန်းဆောင်ရွက်ရာတွင် ပါဝင်ပတ်သက်သူများအား လေ့လာဆန်းစစ်ခြင်း ဆောင်ရွက်နိုင်ရေးနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။

ဆက်စပ် သတင်းများ