Coca-Cola, YOMA Strategic Holdings Ltd. နှင့် Telenor Myanmar တို့ ပူးပေါင်းဖွဲ့စည်းထားသည့် Anti-Corruption Alliance အဖွဲ့အားလက်ခံတွေ့ဆုံဆွေးနွေးမှု

  • Tue, 29 August 2017

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူး ဒေါ်ခင်မော်ဝေ ဦးဆောင် သော အဖွဲ့သည် YOMA Strategic Holdings Ltd.မှ Director ဒေါ်ဝင်းမင်းထွေး ဦးဆောင်သောအဖွဲ့အား ၂၉-၈-၂၀၁၇ ရက်နေ့ ၁၂:၅၀နာရီမှ ၁၃:၄၅ နာရီထိ မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံး၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံ ဆွေးနွေး ခဲ့ပါသည်။

တွေ့ဆုံဆွေးနွေးမှုတွင် Coca-Cola,YOMA Strategic Holdings Ltd. နှင့် Telenor Myanmar တို့ပူးပေါင်းဖွဲ့စည်းထားသည့် Anti- Corruption Alliance အဖွဲ့၏လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြခြင်း၊ အဆိုပါလုပ်ငန်းစဉ်များအတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ လမ်းညွှန်မှုအားခံယူခြင်းနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ လုပ်ငန်းစဉ်များကို မဟာမိတ်အဖွဲ့မှ မည်သို့မည်ပုံ အ​ထောက်အပံ့ပြု ပူးပေါင်းဆောင်ရွက်ပေးနိုင်မည်ကို ဆွေးနွေးခဲ့ပါသည်။

ဆက်စပ် သတင်းများ