တရားမျှတမှုလက်လှမ်းမီနိုင်ရေးအဖွဲ့ (A2JI-Access to Justice Initiative) မှ ဥက္ကဋ္ဌ ဦးညီညီအောင်နှင့်အဖွဲ့အား လက်ခံတွေ့ဆုံဆွေးနွေးမှု

  • Wed, 14 June 2017

တရားမျှတမှုလက်လှမ်းမီနိုင်ရေးအဖွဲ့ (A2JI-Access to Justice Initiative) မှ ဥက္ကဋ္ဌ ဦးညီညီအောင်နှင့်အဖွဲ့အား လက်ခံတွေ့ဆုံဆွေးနွေးမှု


အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူး ဦးမောင်မောင်လှ ဦးဆောင်သော အဖွဲ့သည် တရားမျှတမှုကို လက်လှမ်းမီနိုင်ရေးအဖွဲ့ (A2JI-Access to Justice Initiative) မှ ဥက္ကဋ္ဌ ဦးညီညီအောင်နှင့်အဖွဲ့အား ၁၄-၆-၂၀၁၇ ရက်နေ့ ၁၃:၀၀ နာရီမှ ၁၅:၄၅ နာရီအထိ မြန်မာနိုင်ငံအဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ရုံး၌ လက်ခံတွေ့ဆုံဆွေးနွေးခဲ့ပါသည်။

တရားမျှတမှုကိုလက်လှမ်းမီနိုင်ရေးအဖွဲ့ A2JI-Access to Justice Initiative) အနေဖြင့့်် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဆောင်ရွက်မှုများကို အရပ်ဖက်အဖွဲ့အစည်းများ သက်ဆိုင်ရာ အစိုးရဌာန အဖွဲ့အစည်းများနှင့် ချိတ်ဆက်ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါသဖြင့် တွေ့ဆုံဆွေးနွေးပွဲတွင် A2JI အဖွဲ့၏ ဆောင်ရွက်နေမှုလုပ်ငန်းစဉ်များ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့်  ပူးပေါင်းဆောင်ရွက်နိုင်မည့် ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။

ဆက်စပ် သတင်းများ