UNODC မှ ကိုယ်စားလှယ်များအားလက်ခံတွေ့ဆုံဆွေးနွေးမှု

  • Tue, 23 February 2016

    အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူးချုပ် ဦးထင်ကျော် ဦးဆောင်သောအဖွဲ့သည် UNODC မှ Mr.Troels Vester ခေါင်းဆောင်သော အဖွဲ့အား ၂၃-၂-၂၀၁၆ ရက်နေ့ ၁၃:၅၅ နာရီမှ ၁၆:၀၀ နာရီထိ မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံး၌ လက်ခံတွေ့ဆုံ ဆွေးနွေးခဲ့ပါ သည်။

    အဆိုပါ တွေ့ဆုံဆွေးနွေးမှုတွင် UNODC ၏ အဂတိလိုက်စားမှုတိုက်ဖျက်ရေး အစီအစဉ်နှင့်ပတ်သက်၍ သတင်းအချက်အလက်များ မျှဝေခြင်း၊ လိုအပ်ချက်များကို အကဲဖြတ်မှုဆောင်ရွက်ခြင်း၊ ရှေ့ဆက်လုပ်ဆောင်မည့် အစီအစဉ်များနှင့် အခွင့်အလမ်းဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးခဲ့ပါသည်။

ဆက်စပ် သတင်းများ