ACRC မှ ကိုယ်စားလှယ်များအားလက်ခံတွေ့ဆုံဆွေးနွေးမှု

  • Wed, 24 August 2016

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူးချုပ် ဦးထင်ကျော် ဦးဆောင်သောအဖွဲ့သည် ACRC မှ Mr.Namdoo Kim ခေါင်းဆောင်သော အဖွဲ့အား ၂၄-၈-၂၀၁၆ ရက်နေ့ ၁၃:၀၀နာရီမှ ၁၄:၄၅နာရီထိ မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၌ လက်ခံတွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးမှုတွင် မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ လှုပ်ရှားဆောင်ရွက်မှုများ၊ ကိုရီးယားနိုင်ငံ၏ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဆောင်ရွက်ချက်များအား ဆွေးနွေးခဲ့ပါသည်။

ဆက်စပ် သတင်းများ