အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးသန်းဇော်ဝင်း ဦးဆောင်သော အဖွဲ့နှင့် အမေရိကန်နိုင်ငံ၊ နိုင်ငံခြားရေးဌာန၊ National Security and Diplomacy ဌာနမှ Mr.David M.Luna ဦးဆောင်သော အဖွဲ့တို့တွေ့ဆုံဆွေးနွေးမှု

  • Mon, 12 December 2016

        အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးသန်းဇော်ဝင်း ဦးဆောင်သောအဖွဲ့နှင့် အမေရိကန်နိုင်ငံ၊ နိုင်ငံခြားရေးဌာန၊ National Security and Diplomacy ဌာနမှ Mr.David M.Luna ဦးဆောင်သောအဖွဲ့နှင့်အတူ ၁၂-၁၂-၂၀၁၆ ရက်နေ့ ၁၀:၄၅နာရီမှ ၁၁:၃၀ နာရီထိ UNODC ရုံးတည်ရှိရာအမှတ် (၁၁)အေ၊ မလိခလမ်း၊ မရမ်းကုန်းမြို့၌ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

        အဆိုပါ တွေ့ဆုံဆွေးနွေးမှုတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ National Security and Diplomacy ဌာနနှင့် American Bar Association တို့အနေဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံ တစ်ခုဖြစ်သော မြန်မာနိုင်ငံနှင့် အဂတိတိုက်ဖျက်ရေးလုပ်ငန်းများအား နယ်ပယ်အလုံးစုံ၌ ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်နိုင်ရေးအတွက် ဆွေးနွေးညှိနှိုင်းခဲ့ပါသည်။

ဆက်စပ် သတင်းများ