UNODC မှ ကိုယ်စားလှယ်များနှင့် လက်ခံတွေ့ဆုံဆွေးနွေးမှု

  • Wed, 8 February 2017

        မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးမြဝင်း၊ ကော်မရှင်အဖွဲ့ဝင်များ ဖြစ်သော ဦးကျော်ကျော်၊ ဒေါ်မြတ်မြတ်စိုး၊ ဦးသင်းမောင်တို့ ဦးဆောင်သောအဖွဲ့သည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ United Nations Office on Drugs and Crime (UNODC) Regional Office for Southeast Asia and the Pacific မှ Regional Representative ဖြစ်သူ Mr. Jeremy Douglas ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ၈-၂-၂၀၁၇ ရက်နေ့ ၁၀:၀၀ နာရီမှ ၁၀:၃၀နာရီ အထိ မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၌ လက်ခံတွေ့ဆုံဆွေးနွေးခဲ့ပါသည်။

        အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် UNODC ၏ မြန်မာနိုင်ငံဆိုင်ရာ အစီအစဉ်များဖြစ်သည့် နိုင်ငံဖြတ်ကျော်ဂိုဏ်းဖွဲ့ကျူးလွန်သည့် မူခင်းနှင့် တရားမဝင် ရောင်းဝယ်ဖောက်ကားမှု၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး၊ ပြစ်မှုတရားစီရင်ရေး၊ မူးယစ်ဆေးဝါးနှင့်ကျန်းမာရေး၊ ရေရှည်တည်တန့်သည့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများအပေါ် အကောင်အထည်ဖော်ဆောင်နေမှုများ၊  မြန်မာနိုင်ငံအစိုးရနှင့် UNODC တို့အကြား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အနာဂတ် ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်များနှင့် အကူအညီအထောက်အပံ့ပေးရေးဆိုင်ရာ ကိစ္စရပ်များအတွက် ဆွေးနွေးခဲ့ပါသည်။

ဆက်စပ် သတင်းများ