ထပ်မံစစ်ဆေးပေါ်ပေါက်ချက်အရ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးခိုင်ထွန်း အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် ထပ်မံအမှုဖွင့်လှစ်အရေးယူ

  • Thu, 11 July 2019

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးခိုင်ထွန်းနှင့်အဖွဲ့သည် ရာထူးတာဝန်ကိုအလွဲသုံးစားပြု၍ ဝန်ဆောင်ခနှင့် တရားမဝင်သော အခြားအကျိုးခံစားခွင့်များရယူနေခြင်းအား အရေးယူပေးပါရန် ဤကော်မရှင်သို့ တိုင်ကြားခဲ့ပါသည်။

တိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးခိုင်ထွန်းသည် D1A အရက်လိုင်စင် လျှောက်ထားရန်ကိစ္စနှင့်စပ်လျဉ်း၍ ယစ်မျိုးလိုင်စင်ရရှိသူများထံမှ ငွေကျပ် (၅)သိန်း၊ ခေါင်ရည်လိုင်စင် CFL-2 လိုင်စင်ကိစ္စကူညီရန်အတွက် ငွေကျပ် ၁၅၀၀၀ဝိ/-၊ သင်္ကြန်အတွက်ဟု အကြောင်းပြ၍ ယစ်မျိုးလိုင်စင်ရရှိသူထံမှ ငွေကျပ် (၂)သိန်းတို့ကို လက်ခံရယူခဲ့ခြင်းသည် ရာထူးတာဝန်ကိုအလွဲသုံးစားပြု၍ အဂတိလိုက်စားမှုကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း ထပ်မံစစ်ဆေးပေါ်ပေါက်သဖြင့် ဤကော်မရှင်မှတရားစွဲဆိုရန် ဆောင်ရွက်လျက်ရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်အုပ်ချုပ်ရေးမှူး (ပ/၅၃၈၃) ဦးမိုးခိုင်ထွန်း အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ သီးခြားအမှုဖြင့်အရေးယူရန်အတွက် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့မရဲစခန်းတွင် ပထမသတင်းပေးတိုင်ကြားချက် ထပ်မံဖွင့်လှစ်၍ တရားစွဲဆိုရန်ဆောင်ရွက်လျက် ရှိပါသည်။

ဆက်စပ် သတင်းများ