ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ စစ်ကွင်းမြို့လျှပ်စစ်မှူး ဦးဝင်းဗိုလ်အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူ

  • Thu, 17 January 2019

    ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ စစ်ကွင်းမြို့၊ ရှမ်းကုန်းကျေးရွာ မီးလင်းရေးကိစ္စ ဆောင်ရွက်ရာတွင် အကြောင်းအမျိုးမျိုးပြကာ ငွေကြေးတောင်းခံခဲ့သော စစ်ကွင်းမြို့ လျှပ်စစ်မှူး ဦးဝင်းဗိုလ်အား အရေးယူပေးပါရန် နစ်နာသူများက ဤကော်မရှင်သို့ တိုင်ကြား ခဲ့ပါသည်။

    တိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ စစ်ကွင်းမြို့လျှပ်စစ်မှူး ဦးဝင်းဗိုလ်သည် ရှမ်းကုန်းကျေးရွာ လျှပ်စစ်မီးလင်းရေးအတွက် အထက်ဌာန၏ ခွင့်ပြုချက်မရှိဘဲ ရှမ်းကုန်းကျေးရွာအတွင်း ၄၀၀ ဗို့ ဓါတ်အားလိုင်း တည်ဆောက်ခြင်းအား ငွေကျပ် သိန်း ၁၂၀ ဖြင့် ကန်ထရိုက်လုပ်ငန်းသဖွယ် လက်ခံဆောင်ရွက်ခဲ့ပြီး ရှမ်းကုန်း ကျေးရွာမီးလင်းရေးကော်မတီမှ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ၂၀၁၆ ခုနှစ်အတွင်း ငွေကျပ် ၃၅ဝဝဝဝိ/-(ကျပ်သုံးသိန်းငါးသောင်းတိတိ)အား သုံးကြိမ်ခွဲ၍ တောင်းခံရယူခဲ့ခြင်း၊ ၂၀၁၈ ခုနှစ်တွင် 11KV ဓါတ်အားလိုင်းနှင့် ဆက်စပ်ပစ္စည်းများကို ထုတ်ယူရန်အတွက် လမ်းခရီးစရိတ် ငွေကျပ် ၁ဝဝဝဝဝိ/-၊ 11KV ဓါတ်အားလိုင်းအတွက် အစိုးရချထား ပေးသော ဘတ်ဂျက်နှင့် မလုံလောက်ကြောင်း အကြောင်းပြ၍ ငွေကျပ် ၅ဝဝဝဝဝိ/-တို့ကို ထပ်မံတောင်းခံရယူခဲ့ခြင်းနှင့် 11KV ဓါတ်အားလိုင်း တည်ဆောက်ရာတွင် ပန်းရံခ ၇၅ဝဝဝိ/-အား ကျေးရွာမီးလင်းရေးကော်မတီအား ကျခံစေခဲ့ခြင်းတို့သည် ရာထူးတာဝန်အရ ပေးအပ်သော လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြု၍ အဂတိလိုက်စားမှုများ ကျူးလွန်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် မင်းလှမြို့နယ် စစ်ကွင်းမြို့လျှပ်စစ်မှူး ဦးဝင်းဗိုလ်အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆ အရ မင်းလှမြို့နယ်၊ စစ်ကွင်းနယ်မြေ ရဲစခန်းတွင် ၁၇-၁-၂၀၁၉ ရက်နေ့၌ ပထမသတင်းပေးတိုင်ကြားချက် ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိပါသည်။

ဆက်စပ် သတင်းများ