ရန်ကုန်တိုင်းဒေသကြီးဥပဒေချုပ် ဦးဟန်ထူး၊ ရန်ကုန်တိုင်းဒေသကြီးဥပဒေအရာရှိ ဦးသိန်းဇော်၊ ရန်ကုန်အရှေ့ပိုင်းခရိုင် ဥပဒေအရာရှိ ဦးကိုကိုလေး၊ ဒုတိယခရိုင်ဥပဒေအရာရှိ ဒေါ်သစ်သစ်ခင်၊ ဒုတိယခရိုင်တရားသူကြီး ဦးအောင်ကြည်

  • Tue, 25 September 2018

ရန်ကုန်တိုင်းဒေသကြီးဥပဒေချုပ် ဦးဟန်ထူး၊ ရန်ကုန်တိုင်းဒေသကြီးဥပဒေအရာရှိ ဦးသိန်းဇော်၊ ရန်ကုန်အရှေ့ပိုင်းခရိုင် ဥပဒေအရာရှိ ဦးကိုကိုလေး၊ ဒုတိယခရိုင်ဥပဒေအရာရှိဒေါ်သစ်သစ်ခင်၊ ဒုတိယခရိုင်တရားသူကြီး ဦးအောင်ကြည်နှင့် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့၊ရွှေပေါက္ကံနယ်မြေစခန်းမှူး (ယခင်သုဝဏ္ဏနယ်မြေစခန်မှူး)ရဲအုပ်ချစ်ကိုကို တို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ တရားစွဲအရေးယူ

နေပြည်‌တော် စက်တင်ဘာလ   (၂၅ ) ရက်

          ရန်ကုန်တိုင်း‌ဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံး၊ ရာဇဝတ်ကြီးမှုအမှတ် ၃၄/၂၀၁၈ ၊ တရားလို ဦးသန့်ဇင်ဦးက တရားခံ သန်းထွဋ်‌အောင် (ခ) သားကြီးပါ ၃ ဦးအ‌ပေါ် ရာဇသတ်ကြီး ပုဒ်မ ၃၀၂ အရ စွဲဆိုထားသည့် သရုပ်‌ဆောင် ‌အောင်ရဲ‌ထွေး သေဆုံးခဲ့ရသည့် အမှုကိစ္စနှင့်ပတ်သက်၍ ၂၅-၇-၂၀၁၈ ရက်‌နေ့တွင် ရန်ကုန်အရှေ့ပိုင်း ခရိုင်တရားရုံးမှ တရားခံများအ‌ပေါ် စွဲဆိုထားသည့် ပြစ်မှုအား ရာဇဝတ်ကျင့်ထုံးဥပ‌ဒေ ပုဒ်မ ၄၉၄(က)အရ ရုပ်သိမ်းခွင့်ပြုကြောင်း အမိန့်ချမှတ်ခြင်း နှင့်စပ်လျဉ်း၍ အဂတိလိုက်စားမှုတိုက်ဖျက်‌ရေး‌ ကော်မရှင်က ကျော်စောသတင်းအဖြစ် သတ်မှတ်ခဲ့ပြီး စုံစမ်းစစ်‌ဆေး‌ရေးအဖွဲ့ ဖွဲ့စည်း စစ်‌ဆေးခဲ့ပါသည်။

ရန်ကုန်အရှေ့ပိုင်း ခရိုင်တရားရုံး၊ ရာဇဝတ်ကြီးမှုအမှတ် ၃၄/၂၀၁၈ အား ရာဇဝတ်ကျင့်ထုံးဥပ‌ဒေ ပုဒ်မ ၄၉၄(က) အရ ရုပ်သိမ်းခွင့်ပြုသည့်ကိစ္စတွင်  တရားလိုပြသက်‌သေများကို တမင်‌ ပေါ့‌လျော့စွာ စစ်‌ဆေးပြီး တရားခံများ ပြစ်မှုကျူးလွန်‌ကြောင်း တရားလိုပြသက်‌သေများက ထွက်ဆို နိုင်ခြင်း မရှိဆိုသည့် အ‌ခြေအ‌နေ ဖြစ်ပေါ်‌အောင် ဖန်တီးကာ တရားခံများ၏ မိဘများထံမှ လာဘ်‌ငွေနှင့် တံစိုးလက်‌ဆောင်များရယူခဲ့သည့် ရန်ကုန်တိုင်း‌ဒေသကြီးဥပ‌ဒေချုပ် ဦးဟန်ထူးအ‌ပေါ် ၂၀၁၃ ခုနှစ် အဂတိလိုက်စားမှုတိုက်ဖျက်‌ရေးဥပ‌ဒေ ပုဒ်မ ၅၅ အရ လည်း‌ကောင်း၊ ရန်ကုန်တိုင်း‌ ဒေသကြီး ဥပ‌ဒေအရာရှိ ဦးသိန်း‌ဇော်၊ ရန်ကုန်အရှေ့ပိုင်းခရိုင် ဥပ‌ဒေအရာရှိ ဦးကိုကို‌လေး၊ ဒုတိယခရိုင် ဥပ‌ဒေအရာရှိ ‌ဒေါ်သစ်သစ်ခင်၊ ဒုတိယခရိုင်တရားသူကြီး ဦး‌အောင်ကြည်နှင့် ရွှေ‌ပေါက္ကံနယ်‌မြေ စခန်းမှူး (ယခင်သုဝဏ္ဏနယ်‌မြေစခန်းမှူး) ရဲအုပ်ချစ်ကိုကို တို့အ‌ပေါ်  ၂၀၁၃ ခုနှစ် အဂတိလိုက်စားမှု တိုက်ဖျက်‌ရေးဥပ‌ဒေ ပုဒ်မ  ၅၆ အရ လည်း‌ကောင်း အ‌ရေးယူ‌ဆောင်ရွက်ရန် ရန်ကုန်တိုင်း‌ဒေသကြီး သုဝဏ္ဏနယ်‌မြေရဲစခန်းတွင် ၁၃-၉-၂၀၁၈ ရက်‌နေ့၌ ပထမသတင်း‌ပေး တိုင်ကြားချက်ဖွင့်လှစ်၍ တရားစွဲဆိုအ‌ရေးယူနိုင်‌ရေး ဆောင်ရွက်ခဲ့ပါသည်။ (သတင်း‌ဖော်ပြပြီး)

          ရန်ကုန်တိုင်း‌ဒေသကြီးဥပ‌ဒေချုပ် ဦးဟန်ထူး အ‌ပေါ် ၂၀၁၃ ခုနှစ်၊ အဂတိလိုက်စားမှု တိုက်ဖျက်‌ရေးဥပ‌ဒေ ပုဒ်မ ၅၅ အရ လည်း‌ကောင်း၊ ရန်ကုန်တိုင်း‌ဒေသကြီးဥပ‌ဒေအရာရှိ ဦးသိန်း‌ဇော်၊ ရန်ကုန်အရှေ့ပိုင်းခရိုင် ဥပ‌ဒေအရာရှိ ဦးကိုကို‌လေး၊ ဒုတိယခရိုင်ဥပ‌ဒေအရာရှိ ‌ဒေါ်သစ်သစ်ခင်၊ ဒုတိယခရိုင်တရားသူကြီး ဦး‌အောင်ကြည်နှင့် ‌ရွှေ‌ပေါက္ကံနယ်‌မြေစခန်းမှူး (ယခင်သုဝဏ္ဏနယ်‌မြေ စခန်းမှူး) ရဲအုပ်ချစ်ကိုကို တို့အ‌ပေါ်  ၂၀၁၃ ခုနှစ် အဂတိလိုက်စားမှုတိုက်ဖျက်‌ရေးဥပ‌ဒေ ပုဒ်မ  ၅၆ အရ လည်း‌ကောင်း ရန်ကုန်တိုင်း‌ဒေသကြီး တရားလွှတ်‌တော်တွင် ၂၅-၉-၂၀၁၈ ရက်‌နေ့၌ တရားစွဲဆို တင်ပို့ခဲ့‌ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်‌ရေး ‌ကော်မရှင်မှ သတင်းရရှိသည်။

ဆက်စပ် သတင်းများ