အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၇ ဖြင့် တရားစွဲဆိုခံရသည့် တပ်ကုန်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးကျော်အေးကို စီရင်ချက်အမိန့်ချမှတ်ခြင်း

  • Thu, 15 March 2018

    နေပြည်တော်ကောင်စီ တပ်ကုန်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ကညင်သစ်လုံးများအတွက် မျှောစာထုတ်ယူရာတွင် တရားမဝင် ငွေကြေးတောင်းခံခဲ့ခြင်းအား အရေးယူပေးပါရန် နစ်နာသူက အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို့ ပေးပို့တိုင်ကြားခဲ့ပါသည်။

    တိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ နေပြည်တော်ကောင်စီ၊ တပ်ကုန်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ တောအုပ်  ဦးကျော်အေးသည် မြန်မာ့သစ်လုပ်ငန်း ပြည်တွင်းရောင်းစက်မှ တရားဝင် ဝယ်ယူရရှိထားသည့်   ကညင်သစ်လုံး (၈၄)လုံး (၈၀.၀၆၀) တန်အတွက် မျှောစာထုတ်ယူရာတွင် အလုပ်တာဝန်ကို အကြောင်းပြု၍ ငွေကျပ် ၈၀၀၀၀/- (ကျပ်ရှစ်သောင်းတိတိ) ရယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် နေပြည်တော်ကောင်စီ တပ်ကုန်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ တောအုပ် ဦးကျော်အေးအပေါ် ၂၀၁၃ ခုနှစ်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၇ အရ တပ်ကုန်းမြို့နယ်၊ တရားရုံးတွင် ၁၅-၂-၂၀၁၇ ရက်နေ့က တရားစွဲဆိုတင်ပို့ခဲ့ရာ ရာဇဝတ်ကြီးမှုအမှတ် ၈၆/၂၀၁၇  ဖြင့် လက်ခံစစ်ဆေးခဲ့ပြီး ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် ပြစ်မှုထင်ရှားသဖြင့် အလုပ်နှင့်ထောင်ဒဏ် (၁)နှစ် ကျခံစေရန် အမိန့်ချမှတ်လိုက်ကြောင်း သိရှိရသည်။

ဆက်စပ် သတင်းများ