လာဘ်ငွေ လက်ခံရယူခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့နယ်တရားရုံး ဘိလစ်စာရေး ဒေါ်ညွန့်ညွန့်ထွေး (ခ) ထွေးထွေးကို တရားစွဲ အရေးယူခြင်း

  • Tue, 7 February 2017

    စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့နယ်တရားရုံးသို့ ကျမ်းကျိန်လွှာ သွားရောက် ဆောင်ရွက်ရာတွင် ငွေကြေးတောင်းခံခြင်းအား အရေးယူပေးပါရန် နစ်နာသူမှ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားခဲ့ပါသည်။

    တိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့နယ် တရားရုံး ဘိလစ်စာရေး ဒေါ်ညွန့်ညွန့်ထွေး (ခ) ထွေးထွေးသည် သေဆုံးသူ ကျောင်းဆရာမ(ငြိမ်း)၏ ကလေးဝမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အပ်နှံစုဆောင်းခဲ့သည့်ငွေ ထုတ်ယူနိုင်ရန်အတွက် ကလေးဝ မြို့နယ်တရားရုံးသို့ ကျမ်းကျိန်လွှာ ပြုလုပ်ရန် လာရောက်သော ညီအစ်မ သုံးဦးထံမှ ငွေကျပ် ၂သိန်း တောင်းခံရယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့နယ်တရားရုံး ဘိလစ်စာရေး ဒေါ်ညွန့်ညွန့်ထွေး (ခ) ထွေးထွေးအပေါ် ၂၀၁၃ ခုနှစ်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၇ အရ ကလေးဝမြို့နယ်တရားရုံးတွင် ဖေဖော်ဝါရီလ (၆)ရက်နေ့က တရားစွဲဆို အရေးယူခဲ့ပါသည်။

ဆက်စပ် သတင်းများ