ရွှေ့ပြောင်းအလုပ်သမားများမှောင်ခိုကူးခံရမှု၊ လူကုန်ကူးမှု၊ အဂတိလိုက်စားမှုနှင့် သတင်းအချက်အလက် များဖလှယ်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ခြင်းဆိုင်ရာ ဒေသတွင်း အလုပ်ရုံဆွေးနွေးပွဲ

  • Wed, 4 April 2018

 ရွှေ့ပြောင်းအလုပ်သမားများမှောင်ခိုကူးခံရမှု၊ လူကုန်ကူးမှု၊ အဂတိလိုက်စားမှုနှင့် သတင်းအချက်အလက် များဖလှယ်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ခြင်းဆိုင်ရာ ဒေသတွင်း အလုပ်ရုံဆွေးနွေးပွဲ


လာအိုပြည်သူ့ဒီမိုကရက်တစ်နိုင်ငံ၊ ဗီယန်ကျင်းမြို့ တွင် ၄-၄-၂၀၁၈ ရက်နေ့မှ ၅-၄-၂၀၁၈ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် ရွှေ့ပြောင်းအလုပ်သမားများ မှောင်ခိုကူးခံရမှု၊ လူကုန်ကူးမှု၊ အဂတိလိုက်စားမှုနှင့် သတင်းအချက်အလက်များ ဖလှယ်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ခြင်းဆိုင်ရာ ဒေသတွင်း အလုပ်ရုံဆွေးနွေးပွဲသို့ မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးရဲထက်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ရဲမှူး မင်းနိုင်၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်သူဇာခင်တို့ ပါဝင်တက်ရောက်ခဲ့ပါသည်။

အလုပ်ရုံဆွေးနွေးပွဲသို့ UNODC ၊ UN-ACT မှ ကျွမ်းကျင်ပညာရှင်များ၊ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအိုနိုင်ငံတို့မှ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့များ၊ အလုပ်သမားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဆိုင်ရာအစိုးရဌာနကိုယ်စားလှယ်များနှင့် INGO၊ NGO တို့မှ ကိုယ်စားလှယ်များ စုစုပေါင်း (၄၅) ဦး ပါဝင်တက်ရောက်ခဲ့ပါသည်။

အလုပ်ရုံဆွေးနွေးပွဲတက်ရောက်ခဲ့ခြင်းဖြင့် မြန်မာနိုင်ငံရှိ ရွှေ့ပြောင်းအလုပ်သမားများ မှောင်ခိုကူးခံရမှု၊ လူကုန်ကူးမှုများနှင့် ၄င်းတို့နှင့် ဆက်စပ်ဖြစ်ပေါ်နေသော အဂတိလိုက်စားမှုများ လျော့နည်းပပျောက် စေရေးအတွက် ပိုမိုခိုင်မာအားကောင်းသော ဥပဒေမူဘောင်များ ပြင်ဆင်ရေးဆွဲပြဋ္ဌာန်းခြင်း၊ တရားမျှတ၍ မှန်ကန်ကောင်းမွန်သော တရားစီရင်ရေးစနစ်များ ဖြစ်ထွန်းစေခြင်း၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူလူထုအတွင်း လူမှောင်ခိုကူးမှုဆိုင်ရာ အသိပညာပေးခြင်းများကို ကျယ်ကျယ်ပြန့်ပြန့် ထိရောက် စွာဆောင်ရွက်ရေး၊ ဒေသတွင်းနိုင်ငံများရှိ အစိုးရဌာနဆိုင်ရာများ၊ လူမှုအဖွဲ့အစည်းများနှင့် သတင်းအချက်အလက်မျှဝေခြင်း၊ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်ခြင်းနှင့် ကြိုတင်သတင်း ထောက်လှမ်း၍ တားဆီးနှိမ်နင်းခြင်းတို့ကို နိုင်ငံတွင်းရှိအစိုးရ၊ ပြည်သူလူထုနှင့် အရပ်ဘက်ဆိုင်ရာလူမှု အဖွဲ့အစည်းများပူးပေါင်းဆောင်ရွက် သွားရမည် ဖြစ်ကြောင်းလေ့လာသိရှိရပါသည်။

ဆက်စပ် သတင်းများ