မြန်မာနိုင်ငံ၏ UNCAC အကောင်အထည်ဖော်ဆောင်မှု ပြန်လည်သုံးသပ်ရေး လုပ်ငန်းစဉ်ပါ Country Visit အစည်းအဝေး ကျင်းပဆောင်ရွက်မှု

  • Tue, 12 July 2016

 မြန်မာနိုင်ငံ၏ UNCAC အကောင်အထည်ဖော်ဆောင်မှု ပြန်လည်သုံးသပ်ရေး လုပ်ငန်းစဉ်ပါ Country Visit အစည်းအဝေး ကျင်းပဆောင်ရွက်မှု


.

    မြန်မာနိုင်ငံ၏ (United Nations Convention Against Corruption- UNCAC) အကောင်အထည်ဖော်ဆောင်မှုပြန်လည်သုံးသပ်ရေးလုပ်ငန်းစဉ်အရ UNODC အတွင်း ရေးမှူးရုံး၊ ထိုင်းနိုင်ငံ၊ ဘူရွန်ဒီနိုင်ငံ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံးနှင့် ဝန်ကြီးဌာနအသီးသီးမှ ကိုယ်စားလှယ်များပါဝင်သော Country Visit အစည်းအဝေး ကို ၁၂-၇-၂၀၁၆ ရက်နေ့မှ ၁၄-၇-၂၀၁၆ ရက်နေ့အထိ နေပြည်တော်၊ The Hotel Royal ACE ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

 

"အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားနေပုံ"

" UNODC အတွင်းရေးမှူးရုံးမှ Mr. Oliver Landwehr က နှုတ်ခွန်းဆက်စကားပြောကြားနေပုံ "

အစည်းအဝေးတွင် မြန်မာနိုင်ငံ၏ UNCAC အခန်း(၃) ပြစ်မှုအဖြစ်သတ်မှတ်ခြင်းဆိုင်ရာပြဋ္ဌာန်းချက်များနှင့် အခန်း (၄) အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ခြင်း ပြဋ္ဌာန်းချက်များ စသည်တို့အပေါ် အကောင်အထည်ဖော်ဆောင်မှု ပြန်လည်သုံးသပ်ရေးလုပ်ငန်းစဉ်အရ ကိုယ်တိုင်အကဲဖြတ်စစ်ဆေးချက် (SAC) နှင့်စပ်လျဉ်း၍ သုံးသပ်မှုပြုလုပ်သည့် နိုင်ငံများ၏ Desk Review ရလဒ်အပေါ် Country Report ထုတ်ပြန်နိုင်ရေးအတွက် အပြီးသတ်ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်ပါသည်။

ဆက်စပ် သတင်းများ