အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး အင်္ဂလိပ်စာအခြေခံသင်တန်း(Basic English Course)ဖွင့်လှစ်

  • Mon, 25 April 2022

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး အင်္ဂလိပ်စာအခြေခံသင်တန်း(Basic English Course)ဖွင့်လှစ်


နေပြည်တော်၊ ဧပြီလ ၂၅  ရက်

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ အင်္ဂလိပ်စာအခြေခံသင်တန်း (Basic English Course) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၁:၃၀)နာရီအချိန်တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံး၊ သင်တန်းခန်းမ၌ကျင်းပသည်။

အခမ်းအနားသို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ ညွှန်ကြားရေးမှူးချုပ် ဦးလွင်အောင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုး ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ထွေး နှင့် ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ သင်တန်းသား၊သင်တန်းသူ များတက်ရောက်ခဲ့ကြသည်။


သင်တန်းဖွင့်ပွဲတွင် ညွှန်ကြားရေးမှူးချုပ် ဦးလွင်အောင်က ယနေ့ဖွင့်လှစ်သည့်သင်တန်းသည် ကော်မရှင်ရုံးရှိ ဝန်ထမ်းများအနေဖြင့် အင်္ဂလိပ်စာအရည်အသွေး ပြည့်ဝလာစေရေး လေ့ကျင့်  ပေးရန်နှင့် တာဝန်ထမ်းဆောင်ရာတွင် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း၊ ကော်မရှင်အနေဖြင့် နိုင်ငံတကာအဂတိလိုက်စားမှု တိုက်ဖျက်ရေး အဖွဲ့အစည်းများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်ရာ၌ အဆင်ပြေချောမွေ့လွယ်ကူစေရေးအတွက် အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်တတ်မြောက်ရန် လိုအပ်ပါကြောင်း၊ ယခုသင်တန်းတွင် အင်္ဂလိပ်စာ  Four Skills အပြင် ဘာသာပြန်ဆိုမှုစွမ်းရည် တိုးတက်စေရေးအတွက် အဓိကထား သင်ကြားပို့ချပေးသွားမှာဖြစ်ကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် သင်တန်းချိန် များအား မပျက်မကွက် တတ်ရောက်ကြရန်နှင့် သင်တန်းပြီးဆုံးပါကလည်း စဉ်ဆက်မပြတ် ဆက်လက်လေ့လာ ဆည်းပူးသွားကြရန် လိုအပ်ကြောင်း မှာကြားခဲ့ပါသည်။

သင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ ၂၀ ဦးတက်ရောက်ပြီး သင်တန်းကာလမှာ  ဧပြီ ၂၅ ရက်မှ ဇွန် ၁၇ ရက်နေ့အထိ ရက်သတ္တပတ်(၈)ပတ် ကြာမြင့်မည်ဖြစ်ကြောင်းသိရသည်။





ဆက်စပ် သတင်းများ