မြန်မာနိုင်ငံအဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် နှင့် Federal Bureau of Investigation (FBI) တို့ ပူးပေါင်း၍ သင်တန်းများ ဖွင့်လှစ်ခြင်း

  • Mon, 22 January 2018

၁။             မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် နှင့် အမေရိကန်နိုင်ငံ Federal  Bureau of Investigation (FBI) တို့ ပူးပေါင်းဖွင့်လှစ်သည့် Organized Crime and Public Corruption သင်တန်းများ ဖွင့်ပွဲအခမ်းအနားကို နေပြည်တော် ကော်မရှင်ရုံး စုပေါင်းခန်းမ၌ ၁၅-၅-၂၀၁၇ ရက်နေ့ နံနက်(၀၉:၃၀)နာရီတွင် ကျင်းပရာ မြန်မာနိုင်ငံအဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ကော်မရှင်ဥက္ကဋ္ဌ ဦးမြဝင်းက အဖွင့်အမှာ စကားပြောကြား သည်။

၂။      အခမ်းအနားတွင် ကော်မရှင်ဥက္ကဋ္ဌက ယခုလိုသင်တန်းများဖွင့်လှစ်ပေးခြင်းဖြင့် မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်းများတွင်အထောက်အကူရရှိပြီးအကျိုးကျေးဇူးများစွာရရှိစေမှာဖြစ်ကြောင်း နောင်တွင် လည်း  ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းပြောကြားသည်။

၃။                 ဆက်လက်၍ အမေရိကန်သံရုံးမှ မစ်ရှင်အဖွဲ့ ဒုတိယအကြီးအကဲ(Kristen F. Bauer )  က နှုတ်ခွန်းဆက် စကားပြောကြားသည်။

၄။             သင်တန်းဖွင့်ပွဲသို့ ကော်မရှင်ဥက္ကဋ္ဌ ဦးမြဝင်းနှင့် ကော်မရှင် အဖွဲ့ဝင်များ ၊ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး၊  မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်နှင့် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန တို့မှ တာဝန်ရှိပုဂ္ဂိုလ်များ FBI မှမစ်ရှင်အဖွဲ့ ဒုတိယအကြီးအကဲ နှင့် သင်တန်းနည်းပြများ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး အရာထမ်း၊ အမှုထမ်းများ နှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

၅။             အဆိုပါသင်တန်းများတွင် Organized Crime သင်တန်းအား မေ ၁၅ ရက်နေ့မှ  ၁၉ ရက်နေ့ထိ ထိလည်းကောင်း၊ Public Corruption Course သင်တန်းအား မေ ၂၂ ရက် နေ့မှ ၂၆ ရက်နေ့ထိလည်းကောင်းဖွင့်လှစ်မည်ဖြစ်ပါသည်။ သင်တန်းတွင် ဖွဲ့စည်းပုံ၊ ပြစ်မှု ဆိုင်ရာစီးပွားရေးလုပ်ငန်းဆောင်ရွက်မှုစနစ်၊ ပြစ်မှုဆိုင်ရာဖော်ထုတ်မှုစနစ်နှင့် အလေ့အကျင့် များ၊ ငွေကြေးဆိုင်ရာမှုခင်းတားဆီးနှိမ်နင်းရေးစနစ်အသုံးပြုမှုများ၊ လူမှုအဖွဲ့အစည်းအတွင်း ပြည်သူတို့၏ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအကျိုးသက်ရောက်မှုများ၊ အစိုးရအဖွဲ့အဆင့်များ တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးအတွက်အောင်မြင်သောမဟာဗျူဟာ စသည့် ဘာသာရပ်များ အား သင်တန်းကာလ(၁၂)ရက်အတွင်း သင်ကြားပို့ချသွားမည်ဖြစ်ပြီး၊ သင်တန်းသို့ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ပြည်ထဲရေးဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်နှင့် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနတို့မှ သင်တန်းသား၊ သင်တန်းသူ (၃၀)ဦး တက်ရောက်ကြမည်ဖြစ်သည်။

၆။             ယခုသင်တန်းများဖွင့်လှစ်ခြင်းဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် ငွေကြေး ဆိုင်ရာ မှုခင်းတားဆီးကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အတွေ့အကြုံနှင့် ဗဟုသုတ များ ရရှိနိုင်မည်ဖြစ်ပါသည်။

ဆက်စပ် သတင်းများ