မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် နှင့် UNODC တို့ ပူးပေါင်း၍ သင်တန်းများဖွင့်လှစ်

  • Fri, 22 December 2017

၁။      မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ၏ အဂတိလိုက်စားမှုစုံစမ်း စစ်ဆေးခြင်း၊ ထောက်လှမ်းခြင်း၊ တရားစွဲတင်ခြင်းနှင့် တရားရုံးအမှု လိုက်ပါဆောင်ရွက်ခြင်း ဆိုင်ရာတို့တွင် စွမ်းဆောင်ရည်မြင့်မားရေးအတွက်၊ UNODC ၏ နည်းပညာအကူအညီ ပံ့ပိုးမှုဖြင့် Financial Investigation and Investigative Interviewing  သင်တန်းတို့အား အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံး မှ သင်တန်းသား (၃၄)ဦးဖြင့် ၂၀-၁၁-၂၀၁၇ ရက်နေ့ မှ ၃၀-၁၁-၂၀၁၇ ရက်နေ့ထိဖွင့်လှစ်သင်ကြားခဲ့ပါသည်။

၂။          အဆိုပါသင်တန်းအား UNODC မှ နည်းပညာဆိုင်ရာအကြံပေးပုဂ္ဂိုလ် က ဦးဆောင်လေ့ကျင့် ဆွေးနွေးပြီး သင်တန်းများ မဖွင့်လှစ်မီ ဝန်ထမ်းအဆင့်အလိုက် အရည်အသွေးနှင့် ကျွမ်းကျင်မှု အရ သင်တန်းလိုအပ်ချက် အကဲဖြတ် ဆောင်ရွက်ခြင်း ရှေးဦးစွာ ပြုလုပ်၍ သင်တန်းအား Royal Nay Pyi Taw ဟိုတယ်တွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။

ဆက်စပ် သတင်းများ