မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် နှင့် UNODC တို့ ပူးပေါင်း၍ သင်တန်းများဖွင့်လှစ်

  • Fri, 22 December 2017

၁။        မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ အဂတိလိုက်စားမှု စုံစမ်းစစ်ဆေးခြင်း၊ ထောက်လှမ်းခြင်း၊ တရားစွဲတင်ခြင်းနှင့် တရားရုံးအမှုလိုက်ပါ ဆောင်ရွက်ခြင်းဆိုင်ရာတို့တွင် စွမ်းဆောင်ရည် မြင့်မားရေးအတွက် UNODC ၏ နည်းပညာအကူအညီ ပံ့ပိုးမှုဖြင့်  Corruption Detection and Investigation  သင်တန်းဖွင့်ပွဲအား ၁၂-၁၂-၂၀၁၇ ရက်နေ့တွင် ကျင်းပခဲ့ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌမှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

 

၂။     ကော်မရှင် ဥက္ကဋ္ဌက အမှာစကားပြောကြားရာတွင် ယခုသင်တန်းသည် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အတွက် အားကိုးအားထားပြုရသည့် သင်တန်းဖြစ်ပြီး စုံစမ်းစစ်ဆေးခြင်း လုပ်ငန်းများတွင် စွမ်းဆောင်ရည် မြင့်မားရေးအတွက် အရည်အသွေးမြှင့်တင် လေ့ကျင့်ပေးသော သင်တန်းဖြစ်၍ သင်တန်းမှ ဆွေးနွေးပို့ချသည့် အကြောင်းအရာများအား ပြန်လည်အသုံးချပြီး အရည်အချင်းပြည့်ဝသော ဝန်ထမ်းများဖြစ်လာစေရန် ရည်ရွယ်ကြောင်း ပြောကြားခဲ့သည်။

၃။        အဆိုပါသင်တန်းအား UNODC မှ နည်းပညာဆိုင်ရာ အကြံပေးပုဂ္ဂိုလ်က ဦးဆောင် လေ့ကျင့်ဆွေးနွေးသွား မည်ဖြစ်ပြီး သင်တန်းများမဖွင့်လှစ်မီ ဝန်ထမ်းအဆင့်အလိုက် အရည်အသွေးနှင့် ကျွမ်းကျင်မှုအရ သင်တန်းလိုအပ်ချက် အကဲဖြတ် ဆောင်ရွက်ခြင်း ရှေးဦးစွာပြု လုပ်၍ သင်တန်းအား ကော်မရှင်ရုံး၊ သင်တန်းခန်းမတွင် ကျင်းပပြုလုပ်ခြင်းနှင့် သင်တန်းသား (၃၀)ဦးဖြင့် ၁၂-၁၂-၂၀၁၇ ရက်နေ့မှ ၁၅-၁၂-၂၀၁၇ ရက်နေ့အထိ ဖွင့်လှစ်သင်ကြား ပို့ချပါသည်။

ဆက်စပ် သတင်းများ