မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်နှင့် UNODC တို့ ပူးပေါင်း၍ သင်တန်းများ ဖွင့်လှစ်ခြင်း

  • Mon, 20 November 2017

မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ အဂတိ လိုက်စားမှု စုံစမ်း စစ်ဆေးခြင်း၊ ထောက်လှမ်းခြင်း၊ တရားစွဲတင်ခြင်းနှင့် တရားရုံးအမှုလိုက်ပါဆောင်ရွက်ခြင်း ဆိုင်ရာတို့တွင် စွမ်းဆောင်ရည်မြင့်မားရေးအတွက် UNODC ၏ နည်းပညာအကူအညီပံ့ပိုးမှုဖြင့် Financial Investigation and Investigative Interviewing သင်တန်းတို့အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ သင်တန်းသား (၃၄) ဦးဖြင့် ၂၀.၁၁.၂၀၁၇ ရက်နေ့မှ ၃၀.၁၁.၂၀၁၇ ရက်နေ့ထိ ဖွင့်လှစ်သင်ကြားလျက်ရှိသည်။

အဆိုပါသင်တန်းအား UNODC ၏ နည်းပညာဆိုင်ရာ အကြံပေးပုဂ္ဂိုလ်က ဦးဆောင်လေ့ကျင့် ဆွေးနွေးသွားမည်ဖြစ်ပြီး သင်တန်းများမဖွင့်လှစ်မီ ဝန်ထမ်းအဆင့်အလိုက် အရည်အသွေးနှင့် ကျွမ်းကျင်မှုအရ သင်တန်းလိုအပ်ချက်အကဲဖြတ် ဆောင်ရွက်ခြင်း ရှေးဦးစွာပြုလုပ်၍ သင်တန်းအား Royal Nay Pyi Taw ဟိုတယ်တွင် ကျင်းပပြုလုပ်လျက် ရှိပါသည်။

ဆက်စပ် သတင်းများ