တရားမဝင် ကုန်သွယ်မှုနှင့် အဂတိလိုက်စားမှု ဆန့်ကျင်တိုက်ဖျက်ရေးကို အရှိန်အဟုန်မြှင့် ရှေ့ဆောင်လမ်းပြ အပြန်အလှန်ဆွေးနွေးပွဲ အမှတ်(၂) အစည်းအဝေး

  • Wed, 26 August 2015

တရားမဝင် ကုန်သွယ်မှုနှင့် အဂတိလိုက်စားမှု ဆန့်ကျင်တိုက်ဖျက်ရေးကို အရှိန်အဟုန်မြှင့် ရှေ့ဆောင်လမ်းပြ အပြန်အလှန်ဆွေးနွေးပွဲ အမှတ်(၂) အစည်းအဝေး


        ၂၆-၈-၂၀၁၅ ရက်နေ့တွင် မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာ ကုလသမဂ္ဂရုံး (UNODC) ၏ ထောက်ပံ့ကူညီမှုဖြင့် အမေရိကန်ပြည်ထောင်စုနှင့် ဖိလစ်ပိုင်နိုင်ငံ အစိုးရတို့က ပူးတွဲ အိမ်ရှင်အဖြစ် ကျင်းပသော တရားမဝင် ကုန်သွယ်မှုနှင့် အဂတိလိုက်စားမှု ဆန့်ကျင်တိုက်ဖျက်ရေးကို အရှိန်အဟုန်မြှင့် ရှေ့ဆောင်လမ်းပြ အပြန်အလှန်ဆွေးနွေးပွဲ အမှတ်(၂) အစည်းအဝေးသို့ မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဦးသင်းမောင် တက်ရောက်ခဲ့ ပါသည်။

        ဆွေးနွေးပွဲတွင် Enviromental Crime  နှင့်Trafficking in Persons ခေါင်းစဉ်ခွဲ(၂)ခုဖြင့် အဖွဲ့နှစ်ဖွဲ့ခွဲ၍ ကျင်းပပါသည်။ APEC Perspectives on Wildlife Trafficking နှင့် ပတ်သက်သည့် စာတမ်းများကိုလည်းကောင်း၊ Private Sector Perspective စာတမ်းကို လည်းကောင်း အသီးသီးဖတ်ကြားပြီး တက်ရောက်သူ များက ပါဝင်ဆွေးနွေးခဲ့ကြပါသည်။ 

        အစည်းအဝေး၏ရည်ရွယ်ချက်မှာ လူကုန်ကူးမှုနှင့် သစ်ခိုးထုတ်ခြင်း၊ သစ်တောထွက် ပစ္စည်းများ မှောင်ခိုခိုးထုတ်ရောင်းဝယ်ခြင်းနှင့် ငါးခိုးဖမ်းခြင်း စသည့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ရာဇဝတ်မှုများကျူးလွန်ရာတွင် အဂတိလိုက်စားမှုများ လျော့နည်းပပျောက်စေရေးအတွက် အစိုးရ၊ ပုဂ္ဂလိကကဏ္ဍနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ တက်ညီလက်ညီ ဆောင်ရွက်၍ ဆွေးနွေးအဖြေရှာရန် ရည်ရွယ်ခြင်းဖြစ်သည်။