မူးယစ်ဆေးဝါးနှင့်ပြစ်မှုဆိုင်ရာကုလသမဂ္ဂရုံး(UNODC) မှ Anti-Corruption and Law Enforcement International Expert Mr. Raghavan Kuppuswamy နှင့် Ms. Marie Pegie Couchois တို့အား လက်ခံတွေ့ဆုံဆွေးနွေးမှု

  • Thu, 26 April 2018

မူးယစ်ဆေးဝါးနှင့်ပြစ်မှုဆိုင်ရာကုလသမဂ္ဂရုံး(UNODC) မှ Anti-Corruption and Law Enforcement International Expert Mr. Raghavan Kuppuswamy နှင့် Ms. Marie Pegie Couchois တို့အား လက်ခံတွေ့ဆုံဆွေးနွေးမှု


        အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အတွင်းရေးမှူး ဦးစန်းဝင်းသည် မူးယစ်ဆေးဝါးနှင့်ပြစ်မှုဆိုင်ရာ ကုလသမဂ္ဂရုံး (UNODC) မှ  Anti-Corruption and Law Enforcement International Expert Mr. K. Raghavan နှင့် Ms. Marie Pegie Couchois တို့အား ၂၅-၄-၂၀၁၈ ရက်နေ့ ၁၅:၀၀ နာရီမှ ၁၆:၃၀ နာရီထိ ကော်မရှင်ရုံး၌ လက်ခံတွေ့ဆုံသည်။

        တွေ့ဆုံပွဲတွင် ကော်မရှင်မှ ဆောင်ရွက်လျက်ရှိသည့် မဟာဗျူဟာစီမံကိန်း Strategic  Plan၊ ဝန်ကြီးဌာနများတွင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး ဌာနခွဲ Corruption Prevention Unit- CPU ထားရှိရေးနှင့် စံလုပ်ထုံးလုပ်နည်း  Standard Operation Procedure - SOP ရေးဆွဲရေး ကိစ္စများကို ဆွေးနွေးခဲ့ကြပါသည်။

        တွေ့ဆုံပွဲသို့ ကော်မရှင်အဖွဲ့ဝင် ဦးဇော်ဝင်း၊ အဖွဲ့ဝင် ဒေါ်မြတ်မြတ်စိုး၊ ညွှန်ကြားရေးမှူးချုပ် ဦးထင်ကျော်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန့်ဇော် တို့တက်ရောက်ခဲ့ပါသည်။