Coca-Cola, YOMA Strategic Holdings Ltd. နှင့် Telenor Myanmar တို့ ပူးပေါင်းဖွဲ့စည်းထားသည့် Anti-Corruption Alliance အဖွဲ့အားလက်ခံတွေ့ဆုံဆွေးနွေးမှု

  • Tue, 24 April 2018

 Coca-Cola, YOMA Strategic Holdings Ltd. နှင့် Telenor Myanmar တို့ ပူးပေါင်းဖွဲ့စည်းထားသည့် Anti-Corruption Alliance အဖွဲ့အားလက်ခံတွေ့ဆုံဆွေးနွေးမှု


        အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦးဆောင်သောအဖွဲ့အား YOMA Strategic Holdings Ltd. မှ Director ဒေါ်ဝင်းမင်းထွေး ဦးဆောင်သောအဖွဲ့က ၁၅-၃-၂၀၁၈ ရက်နေ့ ၁၀:၀၀နာရီမှ ၁၀:၃၀ နာရီထိ မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံး၊ တွေ့ဆုံဆွေးနွေးခန်းတွင် လာရောက်တွေ့ဆုံခဲ့ပါသည်။

        တွေ့ဆုံဆွေးနွေးပွဲတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် Anti-Corruption Alliance အဖွဲ့တို့ ပူးပေါင်း၍ ပြည်သူလူထုအား စီးပွားရေးကဏ္ဍတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရေးတို့ကို အတူတကွ ပူးပေါင်းဆောင်ရွက်ရန်ဆွေးနွေးခဲ့ပါသည်။