အမေရိကန်သံရုံးမှ ပထမအတွင်းဝန် Mr.Gregory Naarden ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံဆွေးနွေးမှု

  • Wed, 16 August 2017

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် မှ ကော်မရှင်အဖွဲ့ဝင် ဦးကျော်ကျော် ဦးဆောင်သော အဖွဲ့သည် အမေရိကန်သံရုံးမှ ပထမအတွင်းဝန် Mr.Gregory Naarden ဦးဆောင်သော အဖွဲ့အား ၁၆-၈-၂၀၁၇ ရက်နေ့ ၁၅:၃၀နာရီမှ ၁၆:၂၀ နာရီထိ မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။

တွေ့ဆုံဆွေးနွေးမှုတွင် ဥပဒေအာဏာသက်ရောက်ရေး တရားဥပဒေစိုးမိုးရေးနှင့် စိတ်ကို ပြောင်းလဲစေသော မူးယစ်ဆေးဝါးများတိုက်ဖျက်ရေးဆိုင်ရာ အစီအစဉ်များနှင့် ပတ်သက်၍ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ရေးအတွက် တာဝန်ယူဆောင်ရွက်မည့် သံရုံးအရာရှိများနှင့် မိတ်ဆက် ဆွေးနွေးခဲ့ပါသည်။